Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 6:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို​မင်းဝတ်တန်ဆာ​နှင့်​စီး​တော်​မြင်း​ကို ဘုရင့်​မှူးကြီးမတ်ရာ​တစ်ပါးပါး​လက်​သို့​ပေးအပ်​ပြီး အရှင်မင်းကြီး​ဂုဏ်ပြု​လို​သော​သူ​အား ဆင်ယင်​ပေး​စေ​ပါ​။ ထို့နောက် စီး​တော်​မြင်း​ကို​စီး​စေ​၍ မြို့​လမ်းမ​တစ်လျှောက်​လှည့်လည်​စေ​ပြီးလျှင် ‘​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို ဤသို့​ဂုဏ်ပြု​ပေး​ရ​သည်​’​ဟူ၍ ရှေ့​မှ ကြွေးကြော်​သွား​စေ​ရ​မည်​”​ဟု လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​နောက်​မှူး​ကြီး​မတ်​ကြီး​တစ်​ပါး​ကို ထို​သူ အား​ထို​တန်​ဆာ​တော်​များ​ကို​ဝတ်​ဆင်​ပေး စေ​ပြီး​လျှင် မြင်း​ပေါ်​တွင်​တင်​၍​မြင်း​ကို ဆွဲ​ကာ​မြို့​ကို​လှည့်​လည်​လျက်`ဘု​ရင်​မင်း​မြတ် သည်​မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့' ဟု ကြွေး​ကြော်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထို​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို ဘုန်း​ကြီး​သော မှူး​တော်​မတ်​တော်​တစ်​ပါး၌ အပ်​ပြီး​မှ၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​သော​သူ​ကို ထို​အ​ဝတ် တန်​ဆာ​တော်​နှင့် ဝတ်​ဆင်​စေ၍၊ မြင်း​တော်​ကို စီး​စေ​ပြီး​လျှင်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက်၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 6:9
5 ပူးပေါင်းရင်းမြစ်များ  

မိမိ​၏​ဒုတိယ​ရထား​ကို စီး​စေ​၏​။ ရှေ့​တော်​ပြေး​တို့​ကို​လည်း “​ဒူးထောက်​ကြ​လော့​”​ဟု ဟစ်အော်​စေ​၏​။ ဤသို့ဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် ယောသပ်​အား​ခန့်ထား​လေ​၏​။


ထိုအခါ ရှင်ဘုရင်​က ဟာမန်​အား “​သင်​ဆို​သည့်​အတိုင်း မင်းဝတ်တန်ဆာ​နှင့်​စီး​တော်​မြင်း​ကို ယခု​ချက်ချင်း​သွား​ယူ​၍ ဘုရင့်​နန်းတော်​တံခါး​၌​ထိုင်​နေ​သော​ဂျူး​လူမျိုး​မော်ဒကဲ​အား ပြု​လော့​။ သင်​ပြော​ခဲ့​သမျှ တစ်​ခု​မျှ မ​ကျန်​စေ​နှင့်​”​ဟု မိန့်ဆို​၏​။


ဟာမန်​ဝင်လာ​လျှင် ရှင်ဘုရင်​က “​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို မည်သို့​ဂုဏ်ပြု​သင့်​သနည်း​”​ဟု မေး​၏​။ ဟာမန်​က​လည်း “​ငါ​မှတစ်ပါး ရှင်ဘုရင်​ဂုဏ်​ပြု​လို​သော​သူ​ရှိ​မည်​မ​ဟုတ်​”​ဟု အတွေး​ဝင်​၍


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ