Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 6:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 အရှင်မင်းကြီး​ဆင်မြန်း​သော​မင်းဝတ်တန်ဆာ​၊ ခေါင်း​ပေါ်တွင် တော်ဝင်​သရဖူ​ဆင်မြန်း​ပေး​ထား​သော​အရှင်မင်းကြီး​၏​စီး​တော်​မြင်း​ကို​ယူလာ​စေ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ရှင်​ဘု​ရင် ဝတ်​ဆင်​တော်​မူ​သော မင်း​မြောက်​တန်​ဆာ၊ ရှင်​ဘု​ရင်​စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော ရာ​ဇ​သ​ရ​ဖူ​ကို​ယူ​ခဲ့၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 6:8
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​သင်​တို့​နှင့်အတူ သင်​တို့​သခင်​၏​အမှုထမ်း​တို့​ကို​ခေါ်​ပြီး သား​တော်​ရှောလမုန်​ကို ငါ​စီး​သော​လား​ကို​စီး​စေ​၍ သူ့​ကို ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​လော့​။


မိဖုရား​ဝါရှတိ​၏​အလှ​ကို လူ​အများ​နှင့်​မှူးမတ်​များ​ရှေ့​တွင် ပွဲထုတ်​ပြသ​ရန် သူ့​အား တော်ဝင်​သရဖူ​ဆောင်း​စေ​၍ ဘုရင်​ရှေ့​တော်​သို့​ခေါ်လာ​စေ​၏​။ မိဖုရား​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​သူ​ဖြစ်​၏​။


ရှင်ဘုရင်​သည် အခြား​အပျိုတော်​တို့​ထက် ဧသတာ​ကို ချစ်​၏​။ ထို့ကြောင့် ဧသတာ​သည် အခြား​အပျိုတော်​တို့​ထက် မျက်နှာသာရ​၍ မေတ္တာကရုဏာ​ကို ခံရ​၏​။ ထို့ပြင် ရှင်ဘုရင်​သည် သူ့​ခေါင်း​ပေါ်၌ တော်ဝင်​သရဖူ​ကို​ဆောင်းပေး​၍ ဝါရှတိ​အစား သူ့​ကို မိဖုရား​မြှောက်​လေ​၏​။


ဟာမန်​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​ဂုဏ်ပြု​လို​သော​သူ​အတွက်


ကျွန်​တို့​သည် မြင်း​ကို​စီး​၍ အကြီးအကဲ​တို့​သည် ကျွန်​များ​ကဲ့သို့ မြေ​ပေါ်မှာ​လျှောက်​နေ​ကြ​ရ​သည်​ကို ငါ​တွေ့မြင်​၏​။


သို့သော် ဖခင်​သည် မိမိ​အစေအပါး​တို့​အား ‘အကောင်းဆုံး​သော​ဝတ်လုံ​ကို အမြန်​ယူခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိနပ်​ကို​စီး​စေ​ကြ​လော့။


ထို့နောက် ယောနသန်​သည် မိမိ​ဝတ်​ထား​သော​ဝတ်လုံ​ကို​ချွတ်​ပြီး ဒါဝိဒ်​အား​ပေး​၏​။ စစ်ဝတ်တန်ဆာ​များ​၊ ဓား​၊ လေး​နှင့်​ခါးပန်း​တို့​ကို​လည်း ပေး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ