Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​သ​တာ 1:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 အရှင်မင်းကြီး​ချမှတ်​သော​အမိန့်​ကို ကျယ်ပြော​လှ​သော​နိုင်ငံ​တစ်ဝန်းလုံး​သို့ ကြေညာ​လျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမ​အပေါင်း​တို့​သည် ကိုယ့်​ယောက်ျား​ကို ကိုယ်​ရိုသေနာခံ​ကြ​လိမ့်မည်”​ဟု လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 သို့​ပြု​လျှင် ရှင်​ဘု​ရင်​ပေး​တော်​မူ​သော အ​မိန့်​တော်​ကို ကျယ်​ဝန်း​သော နိုင်​ငံ​တော်​တစ်​လျှောက်​လုံး ကြော်​ငြာ​သော​အ​ခါ၊ မိန်း​မ​အ​ပေါင်း​တို့​သည် ကိုယ်​ခင်​ပွန်း အ​ယုတ်​အ​မြတ်​တို့​ကို ရို​သေ​ကြ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ရှေ့​မှာ လျှောက်​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:20
8 ပူးပေါင်းရင်းမြစ်များ  

ထို​စကား​ကို ရှင်ဘုရင်​နှင့်​မှူးမတ်​တို့ သဘောကျ​နှစ်သက်​သဖြင့် ရှင်ဘုရင်​သည် မမုကန်​ပြော​သည့်​အတိုင်း ပြု​၏​။


ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အမျက်ပြေ​၍ ဝါရှတိ​ကို​သတိရ​လေ​၏​။ ဝါရှတိ​ပြုမူ​ခဲ့​ပုံ​နှင့် သူ့​အပေါ် အပြစ်ဒဏ်​ချ​ခဲ့​ပုံ​တို့​ကို​လည်း သတိရ​လေ​၏​။


ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။


မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။


လူ​အပေါင်း​တို့​သည်​လည်း ကြား​၍ ကြောက်ရွံ့​သဖြင့် အတင့်ရဲ​ကြ​တော့​မည်​မ​ဟုတ်​။


မြို့သား​ယောက်ျား​အပေါင်း​တို့​သည် ထို​သူ​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။ သို့မှသာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြား​၍ ကြောက်ရွံ့​ကြ​လိမ့်မည်​။


ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ