Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက်ဩဝါဒစာ 3:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14-15 ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14-15 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ကောင်း​ကင်​ဘုံ​နှင့် ကမ္ဘာ​မြေ​ပေါ်​ရှိ​အိမ်​ထောင်​စု​မှန်​သ​မျှ​တို့​၏ အ​မည်​နာ​မ​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​၏​ရှေ့​တော်​တွင်​ဒူး​ထောက် လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14-15 အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခမည်းတော်ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက္ဩဝါဒစာ 3:14
16 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တွင် ဗာလ​ရှေ့​၌ ဒူး​မ​ထောက်​သော​သူ​၊ နှုတ်​ဖြင့်​မ​နမ်း​သော​သူ လူ​ပေါင်း​ခုနစ်​ထောင်​ကို ငါ​ကျန်ရစ်​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဤ​ဆုတောင်း​အသနားခံချက်​အလုံးစုံ​တို့​ကို ထာဝရဘုရား​ထံ​တောင်းလျှောက်​ပြီး​သောအခါ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​တွင် ဒူးထောက်​၍ ကောင်းကင်​သို့ လက်​ကို​ဆန့်​ရာ​မှ ထ​၍


ရှောလမုန်​မင်းကြီး​သည် ဝင်း​တော်​အလယ်​၌ မိမိ​ဆောက်လုပ်​၍​တည်​ထား​သော အလျား​ငါး​တောင်​၊ အနံ​ငါး​တောင်​၊ အမြင့်​သုံး​တောင်​ရှိ​သည့် ကြေးနီ​စင်မြင့်​ပေါ်သို့​တက်​ပြီး အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​၌ ဒူးထောက်​၍ လက်​ကို ကောင်းကင်​သို့​ဖြန့်​လျက်


ညနေ​ပူဇော်သက္ကာ​ချိန်​ရောက်​လျှင် ငါ​သည် ထို​ဆုတ်ဖြဲ​ထား​သော​အင်္ကျီ​နှင့် ဝတ်လုံ​ကို​ဝတ်​လျက်ပင် စိတ်ပျက်​ရာ​မှ​ထ​၍ ဒူးထောက်​ကာ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ လက်​ကို​ဖြန့်​လျက်


လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။ ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။


အကယ်စင်စစ် “​ငါ့​ရှေ့မှောက်​၌ လူ​တိုင်း​ဒူးထောက်​ကြ​ရ​လိမ့်မည်​။ လူ​တိုင်း​၏​နှုတ်​သည် သစ္စာဆို​ကြ​ရ​လိမ့်မည်​”​ဟု ငါ​ကိုယ်တိုင် ကျိန်ဆို​ပြီ​။ ဤ​ဖြောင့်မှန်​သော​စကား​သည် ငါ့​နှုတ်​မှ​ထွက်လာ​သည်​ဖြစ်၍ ပြန်လှည့်​လာ​မည်​မ​ဟုတ်​။


ထို​အမိန့်စာ​ကို ဒါရိ​မင်းကြီး​လက်မှတ်ရေးထိုး​ကြောင်း ဒံယေလ​ကြားသိ​သော်လည်း သူ​သည် အိမ်​သို့​ပြန်​၍​အပေါ်ထပ် မိမိ​အခန်း​သို့​ဝင်​ကာ ဂျေရုဆလင်​မြို့​ဘက်​သို့​မျက်နှာမူ​ထား​သော ပြတင်းပေါက်​ကို​ဖွင့်​ပြီး ဘုရားသခင်​ရှေ့​တော်​တွင် ယခင်​က​တစ်​နေ့​သုံး​ကြိမ်​ဒူးထောက်​ဆုတောင်း​ခဲ့​သည့်​အတိုင်း ဆုတောင်း​လျက်​ကျေးဇူး​တော်​ကို ချီးမွမ်း​လေ​၏​။


ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက်


ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။


ပေတရု​သည် အားလုံး​ကို အခန်း​အပြင်​သို့​ထွက်​စေ​ပြီးလျှင် ဒူး​ထောက်​လျက် ဆုတောင်း​လေ​၏။ ထို့နောက် အလောင်း​ဘက်သို့​လှည့်​၍ “တဗိသ၊ ထ​လော့”​ဟု ဆို​လေ​ရာ တဗိသ​သည် မိမိ​မျက်စိ​ကို​ဖွင့်​ပြီး ပေတရု​ကို​မြင်​သောအခါ ထ​၍​ထိုင်​လေ​၏။


အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။


ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ