Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 9:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ဟောရပ်​တောင်​၌​လည်း သင်​တို့​သည် ထာဝရဘုရား​ကို အမျက်ထွက်​စေ​သဖြင့် ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် အမျက်ထွက်​တော်မူ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​သ​ဖြင့်၊ သင့်​ကို ဖျက်​ဆီး​လောက်​အောင် အ​မျက်​ထွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 9:8
7 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​တို့​သည် ပညတ်တော်​များ​ကို ထပ်မံ​ချိုးဖောက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​လူမျိုး​နှင့် ထိမ်းမြား​မည်​ဆို​လျှင် အကျွန်ုပ်​တို့​သည် အသက်​ဘေး​မှ​မ​လွတ်​၊ ကြွင်းကျန်သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် ကိုယ်တော်​သည် အမျက်ထွက်​၍ ဖျက်ဆီး​တော်မူ​မည်​မ​ဟုတ်​လော​။


ထို​ကျောက်ပြား​တို့​သည် ဘုရားသခင်​၏​လက်ရာ​တော်​ကျောက်ပြား​များ​ဖြစ်​၏​။ ကျောက်ပြား​တို့​အပေါ်​၌ ကမ္ပည်းထိုး​ထား​သော​စာ​သည်​လည်း ဘုရားသခင်​၏​စာ​ဖြစ်​၏​။


သို့သော် အစ္စရေး​အမျိုး​သည် တောကန္တာရ​တွင် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​ကြ​၏​။ ဥပုသ်နေ့​ကို​လည်း အလွန်​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​၍ သူ​တို့​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


မောရှေ​က “​ဟောရပ်​တောင်​၌ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​တို့​အား ‘​သင်​တို့​သည် ဤ​တောင်​၌ ကြာမြင့်​စွာ​နေထိုင်​ကြ​ပြီ​။


ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် သင်​တို့​ကို အမျက်ထွက်​တော်မူ​သောကြောင့် ထို​ပြင်းစွာ​သော​အမျက်​တော်​ကို ငါ​ကြောက်ရွံ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ​၏​စကား​ကို​နားညောင်း​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ