Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 6:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 သင်​တို့​မ​စုဆောင်း​ဘဲ စုဆောင်း​ပြီးသား​ကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့်​ပြည့်​နေ​သော​အိမ်​များ​၊ သင်​တို့​မ​တူး​ဘဲ တူး​ပြီး​သား​ရေတွင်း​များ​၊ သင်​တို့​မ​စိုက်​ဘဲ စိုက်​ပြီး​သား စပျစ်ခြံ​များ​နှင့်​သံလွင်ခြံ​များ​ကို သင်​တို့​ရရှိ​ပြီး ဝလင်​စွာ စား​ရ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 6:11
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ခိုင်ခံ့​သော​မြို့​များ​နှင့် မြေဩဇာကောင်း​သော​ပြည်​ကို သိမ်းပိုက်​ကြ​၏​။ ဥစ္စာ​ရတနာ​နှင့်​ပြည့်​သော​အိမ်​များ​၊ တူး​ပြီး​သော​ရေတွင်း​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ သီးစားပင်​များစွာ​ကို သိမ်းယူ​ကြ​၏​။ သူ​တို့​သည် ဝလင်​စွာ​စား​ကြ​ပြီး ဝဖြိုး​ကြ​၏​။ ကိုယ်တော်​၏​ကြီးမား​လှ​သော​ကောင်းမြတ်​ခြင်း​ကြောင့် သူ​တို့ ပျော်ရွှင်ကြည်နူး​ကြ​ရ​၏​။


ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​အား ပေး​တော်မူ​သဖြင့် သူ​တို့​သည် ထို​လူမျိုး​တို့​၏​ကြိုးပမ်းအားထုတ်မှု​အကျိုး​ကို အမွေဆက်ခံ​ရ​ကြ​၏​။


သင်​တို့​၏​တိရစ္ဆာန်​များ​အတွက် လယ်ယာ​၌ မြက်ပင်​ကို ပေါက်​စေ​တော်မူ​မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ​စား​ရ​ကြ​မည်​။


သို့ပြုလျှင် သင်​တို့​တွင် အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် လာ​ပြီး ဝလင်​စွာ​စား​နိုင်​မည်​။ ဤ​အမှု​ကို​ထောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​အား​ကောင်းချီးပေး​တော်မူ​မည်​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​သော​ပြည်​ရှိ လူမျိုး​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​မြို့​များ​၊ သူ​တို့​၏​အိမ်​များ​၌ နေထိုင်​ကြ​သောအခါ


အို ယေရှုရုန်​၊ သင်​သည် ဝဖြိုး​လာ​သဖြင့် ခြေစုံကန်​လေ​ပြီ​။ ဝဖြိုး​တုတ်ခဲ​ပြီး ဖောင်းကား​လာ​သောအခါ မိမိ​ကို​ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​ကို ပစ်ပယ်​လေ​ပြီ​။ မိမိ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ကို မထီမဲ့မြင်ပြု​လေ​ပြီ​။


ငါ​သည် သင်​တို့​မ​ထွန်ယက်​သော​မြေ​၊ သင်​တို့​မ​တည်ဆောက်​သော​မြို့​များ​ကို သင်​တို့​အား​ပေး​သဖြင့် သင်​တို့​သည် ထို​မြို့​တို့​တွင် နေထိုင်​ရ​ကြ​၏​။ သင်​တို့​မ​စိုက်ပျိုး​သော​စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​မှ အသီး​ကို​လည်း​စား​ရ​ကြ​၏​’​ဟု မိန့်​တော်မူ​၏​။


ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ