Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 5:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ဤ​ပဋိညာဉ်​ကို ထာဝရဘုရား​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ဖွဲ့​တော်မူ​သည်​မ​ဟုတ်​ဘဲ ဤ​နေရာ​၌ ယနေ့​အသက်ရှင်​လျက်​ရှိ​သော ငါ​တို့​အားလုံး​နှင့် ဖွဲ့​တော်မူ​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ထို​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​သာ ပြု​တော်​မူ​သည်​မ​ဟုတ်။ ယ​နေ့​ပင်​အ​သက်​ရှင်၍ ဤ​အ​ရပ်၌​ရှိ​သ​မျှ​သော ငါ​တို့​နှင့် ပြု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 5:3
12 ပူးပေါင်းရင်းမြစ်များ  

သို့သော် ငါ​သည် နောင်​နှစ် သတ်မှတ်​ထား​သော​ဤ​အချိန်​တွင် သင့်​အတွက် စာရာ​မွေးဖွား​မည့်​ဣဇက်​၌ ငါ​၏​ပဋိညာဉ်​ကို​တည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သင်​မှစ၍ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​၏​ဘုရားသခင်​ဖြစ်​မည့်​အကြောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​နှင့်​သင့်​ကြား​၌​လည်းကောင်း​၊ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း တည်​စေ​၍ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​၌ ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။


ထာဝရဘုရား​က “​ထို​ပဋိညာဉ်​သည် သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ လက်ဆွဲ​၍​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကဲ့သို့​မ​ဟုတ်​။ ငါ​သည် သူ​တို့​၏​ခင်ပွန်း​ဖြစ်​သော်လည်း ငါ​၏​ပဋိညာဉ်​ကို သူ​တို့​ချိုးဖောက်​ခဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။


“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ငါ​သည် သင့်​ဘိုးဘေး​တို့​ကျွန်ခံရာ​အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​လာ​ခဲ့​စဉ်က သူ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​၍


သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ဖြောင့်မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန်အလွန်​အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလွန်​အလို​ရှိ​သော်လည်းမ​ကြား​ခဲ့​ရ​ကြ​ပေ။


ဟောရပ်​တောင်​၌ အစ္စရေး​အမျိုးသား​တို့​နှင့် ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​အပြင် မောဘ​ပြည်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ရန် မောရှေ​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ပဋိညာဉ်​ပါ​အချက်​များ​ကား ဤသို့​ဖြစ်​၏​။


သင်​တို့​သည် ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း ဤ​ပဋိညာဉ်​ပါ​အချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ