Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 4:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် ငါ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 သင်​တို့​ဝင်​ရောက်​သိမ်း​ပိုက်​မည့်​ပြည်​တွင်​သင် တို့​စောင့်​ထိန်း​ရ​မည့်​ပ​ညတ်​များ​ကို သင်​တို့ အား​သွန်​သင်​ရန်​ငါ့​ကို​မိန့်​မှာ​တော်​မူ​၏။''-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌​ကျ​င့်​စ​ရာ​ဖို့ သင်​တို့​အား​ငါ​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း၊ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မှာ​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 4:14
7 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​၌ ပြဋ္ဌာန်း​ရ​မည့်​စီရင်ထုံးဖွဲ့ချက်​များ​ကား ဤသို့​တည်း​။


ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ သင်​တို့​ကူးသွား​၍​သိမ်းပိုက်​ရ​မည့်​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​နိုင်​မည်​။


ကိုယ်တော်​သည် သင်​တို့​လိုက်နာ​ရန် ညွှန်ကြား​ထား​သည့် မိမိ​၏​ပဋိညာဉ်​တည်းဟူသော ပညတ်တော်​ဆယ်​ပါး​ကို သင်​တို့​အား​ပြောကြား​တော်မူ​ပြီးလျှင် ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးထား​တော်မူ​၏​။


ဟောရပ်​တောင်​၌ သင်​တို့​အား ထာဝရဘုရား မီး​ထဲ​မှ မိန့်​တော်မူ​သော​နေ့​တွင် သင်​တို့​သည် ကိုယ်တော်​ကို မည်သည့်​ပုံသဏ္ဌာန်​နှင့်​မျှ​မ​မြင်​ရ​။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူး​သတိပြု​ကြ​လော့​။


သင်​တို့​အား ငါ​မှာကြား​သော​စကား​တို့​ကို မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။ သင်​တို့​အား ငါ​ဆင့်ဆို​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ