Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 30:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​သည် အသက်​မ​ရှည်​၊ မုချ​ဖျက်ဆီး​ခြင်း​ခံရ​မည်​ဖြစ်ကြောင်း ယနေ့ သင့်​အား​ငါ​ပြောကြား​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ အ​သက်​တာ​မ​ရှည်၊ ဧ​ကန်​အ​မှန် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သ​တိ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 30:18
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် နောက်​တော်​သို့ မလိုက်​ကြ​လျှင် ဤ​လူမျိုး​ကို တောကန္တာရ​ထဲ၌ နောက်တစ်ဖန်​ထပ်၍​စွန့်ပစ်​တော်မူ​လိမ့်မည်​။ သို့ဖြစ်လျှင် သင်​တို့​သည် ဤ​လူ​အပေါင်း​တို့​ကို ဖျက်ဆီး​ရာ​ရောက်​မည်​”​ဟု ဆို​လေ​၏​။


သင်​သည် နာခံခြင်း​မ​ရှိ​ဘဲ သွေးဆောင်​ခြင်း​ခံရ​၍ သင်​၏​စိတ်နှလုံး​သည်​လမ်းလွဲ​လျက် အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင်


ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။


သူ​တို့​သည် ဘေးအန္တရာယ်​နှင့် ဆင်းရဲဒုက္ခ​များစွာ ကြုံတွေ့​ရ​သောအခါ ဤ​သီချင်း​သည် သူ​တို့​ကို ဆန့်ကျင်​သော သက်သေ​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ဤ​သီချင်း​ကို​မ​မေ့လျော့​ဘဲ နှုတ်​၌​အစဉ်​ရှိ​နေ​မည်​။ သူ​တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို​မ​ပို့ဆောင်​မီ ယနေ့ သူ​တို့​ကြံစည်​နေ​သော​အကြံအစည်​ကို ငါ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား ငါ​သေ​ပြီးလျှင် သင်​တို့​သည် လုံးလုံး​ဖောက်ပြန်​၍ ငါ​မိန့်မှာ​ထား​သော​လမ်း​မှ​လွှဲသွား​ကြ​မည်​ကို​လည်းကောင်း​၊ နောင်​ကာလ​၌ သင်​တို့​သည် သင်​တို့​လက်​ဖြင့်​လုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​၍ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ မကောင်း​သော​အမှု​ကို​ပြု​ကြ​သဖြင့် သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​မည်​ကို​လည်းကောင်း ငါ​သိ​၏​”​ဟု ပြောကြား​လေ​၏​။


သင်​တို့​သည် ထို​ပြည်​၌ သား​မြေး​များ​ရ​သည်​အထိ အနေကြာ​လာ​သောအခါ ဖောက်ပြန်​ပြီး တစ်စုံတစ်ရာ​၏​ပုံသဏ္ဌာန်​ကို ရုပ်တုဆင်းတု​အဖြစ်​ပြုလုပ်​၍ ထာဝရဘုရား​၏​ရှေ့မှောက်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား အမျက်ထွက်​စေ​လျှင်


ယနေ့ ငါ​သည် သင်​တို့​တစ်ဖက်​၌ ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ တိုင်တည်​၏​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍​သိမ်းပိုက်​မည့်​ပြည်​မှ မကြာမီ​လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထို​ပြည်​၌ အသက်​ရှည်ရှည်​မ​နေ​ရ​၊ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ