Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သင်​တို့​၌ တိရစ္ဆာန်​များစွာ​ရှိ​ကြောင်း ငါ​သိ​၏​။ ထို့ကြောင့် သင်​တို့​၏​မယား​နှင့်​ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် သင်​တို့​ကို ငါ​ပေး​သော​မြို့​များ​၌ နေရစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ငါ​သတ်​မှတ်​ပေး​သော​မြို့​များ​တွင် သင်​တို့ ၏​သား​မ​ယား​များ​နှင့်​တိရစ္ဆာန်​များ​သာ​လျှင် နေ​ရစ်​ခဲ့​ရ​မည်။ သင်​တို့​တွင်​တိရစ္ဆာန်​များ​စွာ ရှိ​သည်​ကို​ငါ​သိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19-20 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သည်​နည်း​တူ၊ ညီ​အစ်​ကို​တို့​အား ပေး​တော်​မ​မူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​မ​ယား၊ သား​သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ငါ​ပေး​သော​မြို့​တို့၌ နေ​ရ​ကြ​မည်။ သင်​တို့​တွင် တိ​ရ​စ္ဆာန်​များ​စွာ​ရှိ​သည်​ကို ငါ​သိ၏။ အ​မှု​ပြီး​မှ ငါ​ပေး​နှင့်​သည်​အ​တိုင်း၊ သင်​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး ပိုင်​ထိုက်​သော​မြေ​သို့ ပြန်​လာ​ရ​ကြ​မည်​ဟု သင်​တို့​အား​ငါ​မှာ​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:19
4 ပူးပေါင်းရင်းမြစ်များ  

အခြား​လူမျိုး​များစွာ​တို့​နှင့် သိုးဆိတ်​များ​၊ နွား​များ စသည့် အလွန်​များ​သော​တိရစ္ဆာန်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ထွက်သွား​ကြ​၏​။


ထိုအခါ ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​သည် မောရှေ​ထံသို့ ချဉ်းကပ်​လာ​၍ “​အကျွန်ုပ်​တို့​သည် ဤ​အရပ်​၌ အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​အတွက် ခြံခတ်​၍ အကျွန်ုပ်​တို့​၏​ကလေး​များ​အတွက် မြို့​တို့​ကို တည်​မည်​။


အကျွန်ုပ်​တို့​၏​မယား​နှင့်​သားသမီး​များ​၊ အကျွန်ုပ်​တို့​၏​သိုးနွား​တိရစ္ဆာန်​ရှိသမျှ​တို့​သည် ဤ​အရပ်​၊ ဂိလဒ်​ပြည်​ရှိ​မြို့​တို့​၌ နေရစ်​ကြ​လိမ့်မည်​။


သင်​တို့​၏​မယား​နှင့် ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် ဂျော်ဒန်​မြစ်​တစ်ဖက် မောရှေ​ပေး​ခဲ့​သော​ပြည်​တွင် နေရစ်​ရ​မည်​။ ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​မူကား လက်နက်စွဲကိုင်​လျက် သင်​တို့​၏​အမျိုးသားချင်း​တို့​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ