Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 မနာရှေ​အမျိုး ယာဣရ​သည် ဂေရှုရိ​လူမျိုး​နှင့်​မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​တိုင်အောင် အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​ကို​သိမ်းယူ​၍ မိမိ​၏​အမည်​ဖြင့် ဟာဝုတ်​ယာဣရ ဟု​ယနေ့​တိုင်အောင် မှည့်ခေါ်​လေ​၏​။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 မ​နာ​ရှေ​အ​နွယ်​ဝင်​ယာ​ဣ​ရ​သည် ဂေ​ရှု​ရ​နှင့် မာ​ခါ​နယ်​စပ်​အ​ထိ​ကျယ်​ဝန်း​သော​ဗာ​ရှန် ပြည်၊ တစ်​နည်း​အား​ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ တစ်​ခု​လုံး​ကို​သိမ်း​ယူ​သည်။ သူ​သည်​ကျေး​ရွာ များ​ကို သူ​၏​နာ​မည်​ဖြင့်​မှည့်​ခေါ်​ရာ​၌ ယ​နေ့ တိုင်​အောင်​ယာ​ဣ​ရ​၏​ကျေး​ရွာ​များ​ဟု​ခေါ် တွင်​သ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်၊ အာ​ဂေါ​ဘ​တိုင်း​တစ်​တိုင်း​လုံး​ကို ဂေ​ရှု​ရ​ရွာ၊ မာ​ခါ​ရွာ​အ​ထိ​သိမ်း​ယူ​ပြီး​မှ၊ ယ​နေ့​တိုင်​အောင် မိ​မိ​အ​မည်​ကို​လိုက်၍ ဗာ​ရှန်​ဟာ​ဝုတ်​ယာ​ဣ​ရ​ပြည်​ဟု သ​မုတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:14
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့​သိ​သောအခါ အမ္မုန်​အမျိုးသား​တို့​သည် လူ​လွှတ်​၍ ဗက်ရဟောဘ​မြို့​နှင့် ဇောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး ခြေလျင်တပ်သား အယောက်​နှစ်သောင်း​၊ မာခါ​ဘုရင်​ထံမှ လူ​တစ်ထောင်​၊ တောဘ​မြို့​မှ လူ​တစ်သောင်းနှစ်ထောင်​တို့​ကို​ငှားရမ်း​လေ​၏​။


အဗရှလုံ​သည် ထွက်ပြေး​၍ ဂေရှုရ​ဘုရင်​အမိဟုဒ်​မင်းကြီး​၏​သား​တော် တာလမဲ​ထံသို့ ရောက်သွား​၏​။ ဒါဝိဒ်​မင်းကြီး​မူကား သား​တော်​ကြောင့် နေ့စဉ်​နှင့်အမျှ ငိုကြွေးမြည်တမ်း​ရ​လေ​၏​။


ထို့နောက် ယွာဘ​သည် ဂေရှုရ​မြို့​သို့​ထ​သွား​ပြီး အဗရှလုံ​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ခေါ်​လာ​၏​။


ယာဣရ​လူမျိုး​ဣရ​ကား ဒါဝိဒ်​မင်းကြီး​၏​ယဇ်ပုရောဟိတ် စသည်​ဖြင့် နေရာကျ​ကြ​၏​။


မာခါသိ​လူမျိုး အဟသဘဲ​၏​သား ဧလိဖလက်​၊ ဂိလောနိ​လူမျိုး အဟိသောဖေလ​၏​သား ဧလျံ​၊


ဒုတိယ​သား​မှာ ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ဖူး​ခဲ့​သော​အဘိဂဲလ​နှင့်​ရ​သော​ခိလပ်​၊ တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော်​မာခါ​နှင့်​ရ​သော​အဗရှလုံ​၊


ထို​သူ​တို့​က မိမိ​တို့​အိမ်​သည် အစဉ်အမြဲ​တည်​၍ မိမိ​တို့​နေထိုင်ရာအရပ်​သည် မျိုးဆက်​အစဉ်အဆက်​တည်​လိမ့်မည်​ဟု ထင်မှတ်​လျက် မြေကွက်​တို့​ကို မိမိ​တို့​အမည်​ဖြင့်​မှည့်ခေါ်​ကြ​၏​။


နေသနိ​၏​သား ဣရှမေလ​၊ ကာရာ​၏​သား ယောဟနန်​နှင့်​ယောနသန်​၊ တာနုမက်​၏​သား စရာယ​၊ နေတောဖာသိ​လူမျိုး ဧဖဲ​၏​သား​များ​၊ မာခါသိ​အမျိုးသား ယေဇနိ​တို့​သည်​လည်း သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။


မနာရှေ​အမျိုး​ယာဣရ​သည်​လည်း ဂိလဒ်​ပြည်​၏​မြို့ငယ်​များ​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် ဟာဝုတ်​ယာဣရ​ဟု မှည့်ခေါ်​လေ​၏​။


ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သည့် ကျန်​သော​ဂိလဒ်​ပြည်​နှင့် ဗာရှန်​တစ်ပြည်လုံး​ကို မနာရှေ​မျိုးနွယ်​တစ်ဝက်​အား ငါ​ပေး​၏​။ (​အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို ရေဖိမ်​လူမျိုး​တို့​၏​ပြည် ဟု​ခေါ်​၏​။


ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သော အာဂေါဘ​နယ်မြေ​တစ်ခုလုံး​တွင် မြို့​ပေါင်း​ခြောက်ဆယ်​ရှိ​၍ ငါ​တို့​သည် သူ​၏​မြို့​ရှိသမျှ​ကို တစ်​မြို့​မ​ကျန် သိမ်းပိုက်​ကြ​၏​။


ဟေရမုန်​တောင်​၊ သာလက​အရပ်​နှင့် ဗာရှန်​တစ်ပြည်လုံး​မှစ၍ ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​အထိ​၊ ဂိလဒ်​ပြည်​တစ်ဝက်​မှစ၍ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်နိမိတ်​အထိ သိမ်းပိုက်​နိုင်​ခဲ့​၏​။


သို့သော် အစ္စရေး​အမျိုးသား​တို့​သည် ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ယနေ့​တိုင်အောင် ဂေရှုရ​ပြည်သား​၊ မာခါ​ပြည်သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လျက်​ရှိ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ