Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 3:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ရှိ မြို့​များ​ဖြစ်​သည့် သာလက​နှင့်​ဧဒြိ​တိုင်အောင် လွင်ပြင်​ရှိ​မြို့​အားလုံး​၊ ဂိလဒ်​ပြည်​တစ်ပြည်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ငါ​တို့​သည်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော မြေ​ပြန့်​ရှိ​မြို့​များ​ကို​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​သာ​လ​က​မြို့​နှင့် ဧဒြိ​မြို့​များ​အ​ထိ​ကျယ် ပြန့်​သော​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​အား​လုံး ကို​လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ချိုင့်၌​ရှိ​သ​မျှ​သော​မြို့​တို့​နှင့် ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊ ဩ​ဃ​မင်း၏​နိုင်​ငံ​အ​ဝင်၊ သာ​လ​က​မြို့၊ ဧ​ဒြိ​မြို့​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 3:10
10 ပူးပေါင်းရင်းမြစ်များ  

ဂိလဒ်​ပြည်သား​၊ မနာရှေ​၏​သား​ယာဣရ​ပိုင်​သော​မြို့ငယ်​များ​မှစ၍ ဗာရှန်​ပြည်​ရှိ အာဂေါဘ​နယ်​၊ ခိုင်ခံ့​သော​မြို့ရိုး​နှင့် ကြေးနီ​ကန့်လန့်ကျင်​ရှိ​သည့် မြို့​ခြောက်ဆယ်​အပါအဝင် ရာမုတ်ဂိလဒ်​မြို့​၏​နယ်စားမင်း ဗင်​ဂေဗာ​၊


ဂဒ်​သားမြေး​တို့​သည် ရုဗင်​သားမြေး​တို့​နှင့် နယ်မြေချင်း​ကပ်​လျက်​ရှိ​သော ဗာရှန်​ပြည်​မှ သာလက​အရပ်​အထိ နေထိုင်​ကြ​၏​။


အစ္စရေး​လူမျိုး​တို့​သည် ဗာရှန်​ပြည်​လမ်း​သို့ လှည့်​၍​တက်သွား​ကြ​၏​။ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​သည် မိမိ​၏​လူ​အပေါင်း​တို့​နှင့်အတူ အစ္စရေး​လူမျိုး​တို့​ကို ဆီးတား​တိုက်ခိုက်​ရန် ဧဒြိ​အရပ်​သို့ ထွက်လာ​၏​။


ထို​မြို့​သုံး​မြို့​မှာ ရုဗင်​အမျိုး​အတွက် တောကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုး​အတွက် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုး​အတွက် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​ဖြစ်​၏​။


ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ရှိ အရာဗ​လွင်ပြင်​တစ်ခုလုံး​မှစ၍ ပိသဂါ​တောင်ခြေ​ရှိ အရာဗ​ပင်လယ်​တိုင်အောင်​လည်းကောင်း သိမ်းပိုက်​ခဲ့​ကြ​၏​။


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊


ဗာရှန်​ပြည်​ရှိ ယာဣရ​မြို့ငယ်​ပေါင်း ခြောက်ဆယ်​အပါအဝင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​အုပ်စိုး​သော မဟာနိမ်​မြို့​မှ ဗာရှန်​ပြည်​တစ်ပြည်လုံး​၊


ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ