Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 28:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​နွား​၏​သားပေါက်​များ​၊ သင့်​သိုးဆိတ်​၏​သားပေါက်​များ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး အ​နည်း​ငယ်​မျှ​သာ​ထွန်း​ကား​စေ​ရန်​လည်း ကောင်း၊ သင်​တို့​၏​ကောက်​ပဲ​သီး​နှံ​ကို​ညံ့​ဖျင်း စေ​ရန်​လည်း​ကောင်း၊ သိုး​နွား​အ​နည်း​ငယ်​မျှ ကို​သာ​ရ​ရှိ​စေ​ရန်​လည်း​ကောင်း သင်​တို့​အား ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 28:18
14 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ကြည့်ရှု​၍​ဆင်ခြင်​တော်မူ​ပါ​။ ကိုယ်တော်​သည် မည်သူ့​ကို ဤကဲ့သို့​ပြု​တော်မူ​ခဲ့​သနည်း​။ အလိုလေး​၊ မိန်းမ​တို့​သည် မိမိ​ရင်ခွင်ပိုက်​ကလေးငယ်​၏​အသား​ကို စား​ရ​တော့​မည်လော​။ ယဇ်ပုရောဟိတ်​နှင့်​ပရောဖက်​တို့​လည်း ဘုရားရှင်​၏​သန့်ရှင်းရာဌာန​တော်​၌ ကွပ်မျက်​ခံရ​တော့​မည်လော​။


အသက်​အတွက် အမှီသဟဲ​ဖြစ်​သော အစားအစာ​ကို သင်​တို့​ထံမှ ငါ​ဖြတ်တောက်​လိုက်​သောအခါ မိန်းမ​ဆယ်​ယောက်​တို့​သည် မီးဖို​တစ်ခုတည်း​၌ သင်​တို့​စား​ဖို့​မုန့်​ကို ဖုတ်​၍ ထို​မုန့်​ကို အချိန်အဆ​ဖြင့်​သာ သင်​တို့​ကို ပြန်ဝေ​ပေး​လိမ့်မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ စား​ရ​ကြ​လိမ့်မည်​မ​ဟုတ်​။


သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း


“​သင့်​သားစဉ်မြေးဆက်​တို့​ကို​လည်း ငါ​ဆုံးမ​မည်​။ သင်​တို့​၏​မျက်နှာ​ကို မစင်​နှင့် ပက်​မည်​။ ယဇ်ပူဇော်ပွဲ​မှ​တိရစ္ဆာန်​တို့​၏​မစင်​နှင့် ပက်​မည်​။ သင်​တို့​သည် ထို​မစင်​နှင့်အတူ လွှင့်ပစ်​ခြင်း​ကို ခံရ​မည်​။


သင်​သည် မြို့​၌ ကျိန်​ခြင်း​ခံရ​မည်​။ တော​၌​လည်း ကျိန်​ခြင်း​ခံရ​မည်​။


သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကျိန်ဆဲ​ခြင်း​ခံရ​မည်​။


သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​များ​ဖြစ်​သည့် သင့်​နွား​သားပေါက်​များ​၊ သင့်​သိုးဆိတ်​သားပေါက်​များ​သည် ကောင်းချီးခံစား​ရ​မည်​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ