Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 27:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့​ဝင်ရောက်​သောအခါ ဤ​တရား​စကား​ရှိသမျှ​တို့​ကို ထို​ကျောက်တုံး​များ​ပေါ်၌ ရေးသား​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထို​ကျောက်​တုံး​များ​ပေါ်​တွင် ဤ​ပညတ်​များ နှင့်​သွန်​သင်​ချက်​ရှိ​သ​မျှ​တို့​ကို​ရေး​ထား ရ​မည်။ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​သင်​တို့​ကူး ပြီး​နောက် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 27:3
14 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် သင်​တို့​၏​ဘိုးဘေး​တို့​အား နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို​တည်​စေ​နိုင်​ခဲ့​ပြီး ယနေ့ ထိုကဲ့သို့​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ငါ​က “​အို ထာဝရဘုရား​၊ အာမင်​”​ဟု လျှောက်​လေ​၏​။


ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ကျိန်ဆို​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​အား ပေး​တော်မူ​၏​။


ငါ​သည် သင်​တို့​အား “​သင်​တို့​သည် သူ​တို့​၏​မြေ​ကို​ပိုင်ဆိုင်​ရ​လိမ့်မည်​။ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​အပိုင်​ပေး​မည်​”​ဟု မိန့်ဆို​ခဲ့​ပြီ​။ ငါ​သည် သင်​တို့​ကို အခြား​လူမျိုး​များ​နှင့် သီးခြားခွဲထား​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


သူ​တို့​က “​အကျွန်ုပ်​တို့​အား ကိုယ်တော်​စေလွှတ်​သော​ပြည်​သို့ အကျွန်ုပ်​တို့​ရောက်​ခဲ့​ပါ​၏​။ အမှန်ပင် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ဖြစ်​ပါ​၏​။ ဤ​အသီး​ကား ထို​ပြည်​မှ​ထွက်​သော​အသီး​ဖြစ်​ပါ​၏​။


ထာဝရဘုရား​သည် ငါ​တို့​ကို​နှစ်သက်​တော်မူ​လျှင် နို့​နှင့်​ပျားရည်​စီး​သော ထို​ပြည်​သို့ ငါ​တို့​ကို​ပို့ဆောင်​၍ ငါ​တို့​အား ထို​ပြည်​ကို ပေး​တော်မူ​လိမ့်မည်​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ဤ​အရပ်​သို့​ပို့ဆောင်​တော်မူ​၏​။ အကျွန်ုပ်​တို့​အား နို့​နှင့်​ပျားရည်​စီး​သော ဤ​ပြည်​ကို ပေး​တော်မူ​၏​။


အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင့်​အား သင့်​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​၌ သင်​သည်​ကောင်းစား​၍ အလွန်​တိုးပွား​လိမ့်မည်​။


သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​အဖြစ် ချည်​ထား​ရ​မည်​။ သင်​တို့​၏​မျက်မှောင်​၌ အမှတ်သင်္ကေတ​အဖြစ် ရှိ​စေ​ရ​မည်​။


“ထာဝရ​ဘုရား​က ‘ထို​နေ့ရက်​များ​နောက်တွင် သူ​တို့​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​စိတ်နှလုံး​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​အသိဉာဏ်​ပေါ်မှာ ရေး​ထား​မည်’​ဟု မိန့်​တော်မူ​၏”​ဟူ၍ မြွက်ဆို​ပြီးနောက်


အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။


ထို့နောက် အစ္စရေး​အမျိုးသား​တို့ မျက်စိ​ရှေ့​တွင်​ပင် မောရှေ​၏​ပညတ်တရား​ကျမ်း​ကို ကျောက်တုံး​ပေါ်တွင် ကူးရေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ