Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 24:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို​သူ​သည် ဆင်းရဲ​သော​သူ​ဖြစ်လျှင် သူ​၏​အပေါင်ခံ​ပစ္စည်း​ကို ည​အထိ​ယူ​မ​ထား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ထို​သူ​သည် ဆင်း​ရဲ​လျှင်၊ ပေါင်၍​ထား​သော​ဥ​စ္စာ​ကို ပြန်​မ​အပ်​ဘဲ ည​ကို​မ​လွန်​စေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 24:12
8 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ကိုယ့်​ညီအစ်ကို​တို့​၏​အပေါင်ပစ္စည်း​ကို​ပင် အကြောင်းမဲ့​သိမ်းယူ​၍ သူ​တို့​၏​အဝတ်​ကို ချွတ်ယူ​ကာ အဝတ်မပါ​အချည်းစည်း ရှိ​စေ​၏​။


ဆင်းရဲသား​တို့​သည် အဝတ်မပါ ကိုယ်ဗလာ​နှင့် သွားလာ​ကြ​ရ​၏​။ ဆာလောင်​လျက်​နှင့်​ပင် ကောက်လှိုင်းစည်း​ကို သယ်​ကြ​ရ​၏​။


မိဘမဲ့​တို့​၏​မြည်း​ကို ယူဆောင်​သွား​တတ်​ကြ​၏​။ မုဆိုးမ​၏​နွား​ကို​ပင် အပေါင်ပစ္စည်း​အဖြစ် သိမ်းယူ​တတ်​ကြ​၏​။


ညအိပ်​သောအခါ အဝတ်မပါ​ဘဲ အချည်းစည်း​အိပ်​ရ​၏​။ ချမ်းအေး​သောအခါ​တွင်​လည်း ခြုံစရာ​မ​ရှိ​။


လူ​တို့​သည် ဖတဆိုး​ကို အမိ​ရင်ခွင်​မှ ဆွဲထုတ်​၏​။ ဆင်းရဲသား​ထံမှ အပေါင်ပစ္စည်း​ကို သိမ်းယူ​၏​။


အပြင်ဘက်​၌ ရပ်​နေ​ရ​မည်​။ သင်​ချေး​ပေး​သော​သူ​သည် အပေါင်ခံ​ပစ္စည်း​ကို သင့်​ထံသို့ ယူဆောင်​လာ​ရ​မည်​။


သူ​သည် မိမိ​အဝတ်​ကို​ဝတ်​အိပ်​၍ သင့်​ကို ကောင်းချီးတောင်းခံ​ပေး​မည့်​အကြောင်း သူ​၏​အပေါင်ခံ​ပစ္စည်း​ကို နေ​ဝင်​သောအခါ ဆက်ဆက်​ပြန်ပေး​ရ​မည်​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သော​အမှု​ဖြစ်​၏​။


တိုင်းတစ်ပါးသား​နှင့် ဖတဆိုး​တို့ ရထိုက်​သော တရားမျှတမှု​ကို မ​ပိတ်ပင်​ရ​။ မုဆိုးမ​၏​အဝတ်​ကို အပေါင်​လက်​မ​ခံရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ