တရားဟောရာ 24:1 - မြန်မာ့စံမီသမ္မာကျမ်1 တစ်စုံတစ်ယောက်သည် မိန်းမတစ်ယောက်နှင့်စုံဖက်ပြီးနောက် ထိုမိန်းမ၌ညစ်ညူးသောအရာကိုတွေ့သဖြင့် သူ့ကိုမနှစ်မြို့လျှင် ကွာရှင်းစာရေးပြီး သူ့လက်ထဲအပ်၍ အိမ်မှထွက်သွားစေရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ``ယောကျာ်းတစ်ဦးသည်မိန်းမတစ်ဦးနှင့်ထိမ်း မြားလက်ထပ်ပြီးနောက် ထိုမိန်းမတွင်မနှစ် မြို့စရာတွေ့မြင်လာသဖြင့် ဆက်လက်၍ မပေါင်းသင်းလိုသော်သူသည် ထိုမိန်းမအား ဖြတ်စာကိုရေးပေး၍အိမ်မှဆင်းသွား စေရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 တစ်စုံတစ်ယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။