Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 22:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သူ​သည် အစ္စရေး​အပျိုကညာ​ကို နာမည်ပျက်​စေ​ပြီ​ဖြစ်​သောကြောင့် သူ့​ကို ငွေ​ရှယ်ကယ်​တစ်ရာ​ဒဏ်တပ်​၍ ထို​ငွေ​ကို မိန်းကလေး​၏​ဖခင်​အား ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ငွေ​တစ်​ပိဿာ​ကို လျော်​စေ၍၊ မိန်း​မ၏​အ​ဘ​အား ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​က​ညာ၏​အ​သ​ရေ​ကို ထို​သူ​ဖျက်​လေ​ပြီ။ ထို​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်​ရ​မည်။ တစ်​သက်​လုံး ထို​မိန်း​မ​နှင့်​မ​ကွာ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 22:19
6 ပူးပေါင်းရင်းမြစ်များ  

အချင်းချင်း​ရန်ဖြစ်​၍ ကိုယ်ဝန်ဆောင်​မိန်းမ​ကို​ရိုက်​မိ​သဖြင့် ကိုယ်ဝန်ပျက်ကျ​သော်လည်း အန္တရာယ်​မ​ဖြစ်​လျှင် သူ​၏​ယောက်ျား​တောင်းဆို​သည့်​အတိုင်း မုချ​ဒဏ်ဆောင်​ရ​မည်​။ တရားစီရင်ချက်​များ​အတိုင်း ပေး​ရ​မည်​။


ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ထို​လူ​ကို​ခေါ်​၍ ရိုက်နှက်ဆုံးမ​ရ​မည်​။


သို့သော် သူ​၏​စွပ်စွဲချက်​သည် မှန်ကန်​၍ ထို​မိန်းကလေး​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို​မ​တွေ့​လျှင်


ထို​မိန်းကလေး​နှင့်​အိပ်​သော​ယောက်ျား​သည် ထို​မိန်းကလေး​ကို ကာမကျူးလွန်​သောကြောင့် မိန်းကလေး​၏​ဖခင်​အား ငွေ​ရှယ်ကယ်​ငါးဆယ်​ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ