Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 20:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ကြီးကြပ်အုပ်ချုပ်သူ​တို့​က​လည်း စစ်သည်​တို့​အား ‘​အိမ်​အသစ်​ဆောက်​၍ မ​ဆက်ကပ်​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ်လျှင် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​အိမ်​ကို ဆက်ကပ်​သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ``ထို​နောက်​စစ်​ဗိုလ်​များ​က`သင်​တို့​တွင်​အိမ် သစ်​တစ်​ဆောင်​ကို​ဆောက်​၍ ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​ခြင်း​မ​ပြု​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော်​အ​ခြား​သူ​တစ်​ယောက်​က သူ့​အိမ် ကို​ဘု​ရား​သ​ခင်​ထံ​ဆက်​ကပ်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ဗိုလ်​တို့​က​လည်း၊ အိမ်​သစ်​ကို​ဆောက်၍ ဘု​ရား​သ​ခင်၌ မ​အပ်​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့​ပြန်၍ အပ်​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​အိမ်​ကို​အပ်​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 20:5
8 ပူးပေါင်းရင်းမြစ်များ  

ဂျေရုဆလင်​မြို့ရိုး​ဆက်ကပ်ပွဲ​ကျင်းပ​ရာ​တွင် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​တို့​ကို​တီးမှုတ်​၍ ဝမ်းမြောက်​စွာ ကျေးဇူးတော်​ချီးမွမ်းသီဆို​လျက် ဆက်ကပ်ပွဲ​ကို​ကျင်းပ​နိုင်​ရန် လေဝိ​အမျိုး​တို့​ကို​ရှာ​၍ သူ​တို့​နေထိုင်​ရာ​အရပ်ရပ်​မှ ဂျေရုဆလင်​မြို့​သို့ လာရောက်​စေ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​ပြီး အကျွန်ုပ်​၏​ရန်သူ​တို့​အား အကျွန်ုပ်​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်​မ​မူ​သောကြောင့် ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။


မောရှေ​သည် စစ်တိုက်​ရာ​မှ​ပြန်လာ​သော စစ်သည်​အရာရှိ​ဖြစ်​သူ ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​ကို အမျက်ထွက်​၍


ထို့နောက် စစ်သည်​ထောင်ချီ​ကို​အုပ်ချုပ်​ရ​သော​အရာရှိ​များ​ဖြစ်​သည့် ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​သည် မောရှေ​ထံသို့​ချဉ်းကပ်​လာ​၍


ထို့ကြောင့် ပညာရှိ​ပြီး အတွေ့အကြုံ​လည်း​ရှိ​သော သင်​တို့​၏​မျိုးနွယ်​အကြီးအမှူး​တို့​ကို ငါ​ခေါ်ယူ​ပြီးလျှင် သူ​တို့​အား သင်​တို့​မျိုးနွယ်​ကို​ကြီးကြပ်အုပ်ချုပ်​သော​သူ​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်​ဖြင့် ခန့်ထား​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​ရှိသမျှ​တို့​တွင် တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို မျိုးနွယ်​အလိုက် သင်​ခန့်ထား​ရ​မည်​။ သူ​တို့​သည် လူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။


စပျစ်ခြံ​စိုက်ပျိုး​၍ ခြံထွက်စပျစ်သီး​မ​စား​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​စပျစ်သီး​ကို​စား​လိမ့်မည်​။


ဤ​ဒိန်ခဲ​ဆယ်​ခဲ​ကို​လည်း သူ​တို့​၏​လူ​တစ်ထောင်အုပ်​အတွက် ယူသွား​လော့​။ သင့်​အစ်ကို​တို့ အေးအေးချမ်းချမ်း​ရှိ​သည်​ကို သင်​မြင်တွေ့​ခဲ့​ရ​ကြောင်း သက်သေ​ယူလာ​ပြ​လော့​”​ဟု မှာလိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ