Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 20:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး တို့​၏​မြို့​များ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အကုန်အစင်​ဖျက်ဆီး​ရ​မည်​။ မည်သည့်​သက်ရှိသတ္တဝါ​ကို​မျှ အသက်ချမ်းသာ​မ​ပေး​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17-18 ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ၌​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို သင့်​အား​သွန်​သင်၍၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 20:17
14 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် လောတ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌ ခိုက်ရန်​ဖြစ်ပွား​ခြင်း​ရှိ​ကြ​၏​။ (​ထို​ကာလ​တွင် ခါနာန်​လူမျိုး​နှင့်​ဖေရဇိ​လူမျိုး​တို့​သည် ထို​ပြည်​၌​နေထိုင်​လျက်​ရှိ​ကြ​၏​။)


ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ရေဖိမ်​လူမျိုး​၊


အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​၏​”​ဟု မိန့်ဆို​၍ ပဋိညာဉ်​ပြု​လေ​၏​။


ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊


ထာဝရဘုရား​၏​အမှု​တော်​ကို လုံ့လစိုက်​၍ မ​လုပ်ဆောင်​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​။ လူ​ကို​မ​သတ်​ဘဲ မိမိ​၏​ဓား​ကို ပြန်ရုပ်သိမ်း​သော​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်​။


အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​၌ နေထိုင်​ကြ​၏​။ ဟိတ္တိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​နှင့် အာမောရိ​လူမျိုး​တို့​သည် တောင်ပေါ်ဒေသ​၌ နေထိုင်​ကြ​၏​။ ခါနာန်​လူမျိုး​တို့​သည် ပင်လယ်​ကမ်းနားဒေသ​နှင့်​ဂျော်ဒန်​မြစ်​ကမ်းနား​တစ်လျှောက်​တွင် နေထိုင်​ကြ​၏​”​ဟု ဆို​ကြ​၏​။


သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​အမွေ​အဖြစ်​ပေး​တော်မူ​သော


သို့မဟုတ်လျှင် ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​အတွက်​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​ရှိသမျှ​တို့​ကို သင်​တို့​ကို​သင်ကြား​ပေး​၍ သင်​တို့​ပြု​သဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပြစ်မှား​ကြ​လိမ့်မည်​။


ထို​မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​သည် ထာဝရဘုရား​၏​ကျိန်​ခြင်း​ကို ခံရ​သော​အရာ​များ​ဖြစ်​၏​။ ပြည့်တန်ဆာ​ရာခပ်​မူကား ငါ​တို့​စေလွှတ်​လိုက်​သော​သူလျှို​တို့​ကို ဝှက်​ထား​ပေး​ခဲ့​သောကြောင့် သူ​နှင့်​သူ့​အိမ်သူအိမ်သား​အားလုံး​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။


ရှင်ဘုရင်​တို့​၏​အသား၊ တပ်မှူးကြီး​တို့​၏​အသား၊ စစ်သူရဲ​တို့​၏​အသား၊ မြင်း​နှင့်​မြင်းစီး​သူရဲ​တို့​၏​အသား၊ လွတ်လပ်​သူ​နှင့်​ကျွန်​များ​မှစ၍ လူကြီး​လူငယ်​ရှိသမျှ​တို့​၏​အသား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ