Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 2:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ယခု ထ​၍ ဇာရက်​ချောင်း​ကို သင်​တို့​ကူးသွား​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ငါ​တို့​သည် ဇာရက်​ချောင်း​ကို​ကူးသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ငါ​တို့​သည်​ဇေ​ရက်​မြစ် ကို​ဖြတ်​ကူး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ယ​ခု​ထ၍ ဇေ​ရက်​ချောင်း​ကို​ကူး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် ဇေ​ရက်​ချောင်း​ကို ကူး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 2:13
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​သောအခါ ထို​အရပ်​မှ စပျစ်သီး​အပြွတ်လိုက်​ပါ​သော​စပျစ်ခိုင်​တစ်​ခိုင်​ကို အကိုင်း​နှင့်တကွ​ခုတ်ယူ​၍ သလဲသီး​၊ သဖန်းသီး​အချို့​တို့​နှင့်အတူ ထမ်းပိုး​ဖြင့် လူ​နှစ်​ယောက်​ထမ်းလာ​ကြ​၏​။


ထို​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ ဇာရက်​ချောင်း​၌ စခန်းချ​ကြ​၏​။


ထို​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ အာမောရိ​ပြည်​၏​နယ်စပ်​နှင့်​ဆက်​နေ​သော တောကန္တာရ​ရှိ အာနုန်​ချောင်း​တစ်ဖက်ကမ်း​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​နှင့်​အာမောရိ​ပြည်​အကြား​ရှိ မောဘ​ပြည်​၏​နယ်စပ်​ဖြစ်​၏​။


ယခင်​က စိရ​ပြည်​၌ ဟောရိ​လူမျိုး​တို့ နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​အား ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သော​ပြည်​ကို​ပြု​သကဲ့သို့ ဧသော​သားမြေး​တို့​သည်​လည်း ဟောရိ​ပြည်​ကို​သိမ်းပိုက်​၍ ဟောရိ​လူမျိုး​တို့​ကို မိမိ​တို့​ရှေ့မှောက်​မှ သုတ်သင်ပယ်ရှင်း​ကာ သူ​တို့​၏​နေရာ​၌ နေထိုင်​ကြ​၏​။)


ငါ​တို့​သည် ကာဒေရှဗာနာ​အရပ်​မှ​ထွက်ခွာ​၍ ဇာရက်​ချောင်း​ကို​ကူး​သည်​အထိ သုံးဆယ့်​ရှစ်​နှစ်​ကြာ​၏​။ ထို​ကာလ​အတွင်း တပ်စခန်း​ထဲ​မှ စစ်သည်​မျိုးဆက်​အပေါင်း​တို့​သည် ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သေ​ကြ​ကုန်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ