Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 2:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို့နောက် ငါ​တို့​သည် ပြန်လှည့်​၍ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကာ စိရ​တောင်ပေါ်ဒေသ​တွင် ရက်​ပေါင်း​များစွာ လှည့်လည်​ခဲ့​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည်​လှည့်၍၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​လျက်၊ စိ​ရ​တောင်​ကို ကြာ​မြင့်​စွာ​လှည့်​လည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 2:1
7 ပူးပေါင်းရင်းမြစ်များ  

အာမလက်​လူမျိုး​နှင့်​ခါနာန်​လူမျိုး​တို့​သည် ချိုင့်ဝှမ်း​၌ နေထိုင်​ကြ​သည်​ဖြစ်၍ မနက်ဖြန် သင်​တို့​ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် သူ​တို့​သည် ဧဒုံ​ပြည်​ကို​ရှောင်ကွင်း​သွား​ရန် ဟောရ​တောင်​မှ ထွက်ခွာ​၍ ပင်လယ်နီ​လမ်း​အတိုင်း ခရီးပြု​ကြ​ရာ လူ​တို့​သည် လမ်းခရီး​၌ စိတ်ပျက်အားလျော့​ကြ​၏​။


(​ဟောရပ်​တောင်​မှ ကာဒေရှဗာနာ​အရပ်​အထိ စိရ​တောင်​လမ်း​ဖြင့်​သွား​လျှင် တစ်ဆယ့်တစ်​ရက်​ကြာ​၏​။)


သင်​တို့​မူကား ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။


အီဂျစ်​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​အား သင်​တို့​နောက်မှ လိုက်လာ​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ပင်လယ်နီ​ရေ​ဖြင့်​လွှမ်းမိုး​စေ​၍ ဖျက်ဆီး​တော်မူ​ခဲ့​ပုံ​၊


ထိုမှ ဧဒုံ​ပြည်​၊ မောဘ​ပြည်​ကို​ရှောင်ကွင်း​၍ တောကန္တာရ​ကို​ဖြတ်​ကာ မောဘ​ပြည်​အရှေ့ဘက်​သို့​ရောက်​သောအခါ အာနုန်​ချောင်း​တစ်ဖက်​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​၏​နယ်နိမိတ်​ဖြစ်​သောကြောင့် သူ​တို့​သည် မောဘ​နယ်နိမိတ်​ထဲ​ကို မ​ဝင်​ခဲ့​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ