Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 19:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ပြန့်​စေ​၍ သင့်​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကတိထား​တော်မူ​ခဲ့​သည့် ပြည်​တစ်ပြည်လုံး​ကို သင့်​အား ပေး​တော်မူ​လျှင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ သည့်​အ​တိုင်း သင်​တို့​၏​နယ်​ကျယ်​ပြန့်​လာ​ပြီး လျှင် ကတိ​ထား​တော်​မူ​သော​မြေ​အား​လုံး ကို​အ​ပိုင်​ရ​ရှိ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8-10 ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ လမ်း​တော်​သို့​လိုက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ က​တိ​ထား​သော ပြည်​ရှိ​သ​မျှ​ကို သင့်​အား​ပေး​တော်​မူ၍၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​နေ​ရာ​ပြည်​ကို ကျယ်​ဝန်း​စေ​တော်​မူ​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​သေ​မ​ခံ​ထိုက်​သော​သူ​သည် အ​သေ​ခံ၍ လူ့​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သင့်​အ​ပေါ်​မှာ မ​ရောက်​မည်​အ​ကြောင်း၊ ယ​ခု​ဆို​ခဲ့​ပြီး​သော မြို့​သုံး​မြို့​မှ​တစ်​ပါး၊ အ​ခြား​သော မြို့​သုံး​မြို့​ကို ထပ်၍​ခွဲ​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 19:8
9 ပူးပေါင်းရင်းမြစ်များ  

သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။


ရှောလမုန်​မင်းကြီး​သည် ယူဖရေးတီး​မြစ်​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​နယ်နိမိတ်​တိုင်အောင် တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်ချုပ်​ရ​၏​။ ထို​တိုင်းနိုင်ငံ​တို့​သည် ရှောလမုန်​မင်းကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လက်ဆောင်ပဏ္ဏာ​ဆက်သ​ရ​သော​လက်အောက်ခံ​နိုင်ငံ​များ ဖြစ်​ကြ​၏​။


ဂျေရုဆလင်​မြို့​ကို​အစိုးရ​သော တန်ခိုးကြီး​ဘုရင်​တို့​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း တစ်လျှောက်လုံး​ကို​ပါ အုပ်ချုပ်​ရ​ပြီး သူ​တို့​အား အခွန်​အကောက်​၊ ဆက်ကြေး​တို့​ကို ဆက်သ​ရ​သည်​ကို​လည်း သိ​ရ​၏​။


သင်​၏​နယ်နိမိတ်​ကို ပင်လယ်နီ​မှ ဖိလိတ္တိ​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ တောကန္တာရ​မှ ယူဖရေးတီး​မြစ်​တိုင်အောင်​လည်းကောင်း ငါ​သတ်မှတ်​မည်​။ အကြောင်းမူကား ငါ​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​သည် သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​လိမ့်မည်​။


လူမျိုးခြား​တို့​ကို သင့်​ရှေ့​မှ ငါ​နှင်ထုတ်​ပြီး သင်​၏​နယ်ပယ်​ကို ငါ​ကျယ်ဝန်း​စေ​မည်​ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ်​မျက်နှာလာပြ​စဉ်​အတွင်း မည်သူ​မျှ သင်​၏​မြေ​ကို လိုချင်​တပ်မက်​စိတ် မ​ရှိ​စေ​ရ​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​သောအခါ သင်​သည် အသား​စား​လို​သော​စိတ်​ရှိ​၍ ‘​ငါ​အသား​စား​မည်​’​ဟု ဆို​လျှင် သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း စား​ခွင့်​ရှိ​၏​။


ထို့ကြောင့် ‘​သင်​သည် မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​’​ဟု သင့်​အား ငါ​မိန့်မှာ​ခဲ့​ခြင်း​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ