Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 19:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 သို့မဟုတ်လျှင် လမ်းခရီး​ဝေး​သဖြင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​မိ​သော​သူ​နောက်သို့ ဒေါသတကြီး​လိုက်​၍​မီ​သောအခါ သူ့​ကို အသေသတ်​မိ​လိမ့်မည်​။ အကယ်စင်စစ် ထို​လူသတ်​မိ​သော​သူ​သည် မိမိ​အိမ်နီးချင်း​အပေါ် အမုန်း​မ​ရှိ​သောကြောင့် အသေ​မ​ခံ​သင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 အ​ကယ်​၍​ခို​လှုံ​ရာ​မြို့​တစ်​မြို့​တည်း​သာ​ရှိ လျှင် ခ​ရီး​ကွာ​ဝေး​လှ​သော​ကြောင့်​သေ​သူ အ​တွက်​လက်​စား​ချေ​လို​သူ​က သတ်​သူ​နောက် သို့​လိုက်​၍​မီ​သော်​ဒေါ​သ​အ​လျောက်​အ​ပြစ် မဲ့​သူ​တစ်​ယောက်​ကို​သတ်​မိ​နိုင်​သည်။ စင်​စစ် အား​ဖြင့်​ထို​သူ​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ် သူ​ကို​မ​တော်​တ​ဆ​သတ်​မိ​ခြင်း​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 သို့​မ​ဟုတ် သေ​စား​သေ​စေ​သော​သူ​သည် စိတ်​မာန်​ထ​စဉ်​အ​ခါ၊ လူ​သတ်​ကို​လိုက်​လျက် ခ​ရီး​ဝေး​သော​ကြောင့် မီ၍​သတ်​လိမ့်​မည်။ ထို​သို့ မ​သတ်​သင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ထိုက်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 19:6
7 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ ဆွေမျိုးသားချင်း​အားလုံး​ထ​၍ အရှင့်​ကျွန်မ​အား ဆန့်ကျင်​လျက် ‘​ညီအစ်ကိုချင်း သတ်​သော​သူ​ကို ငါ​တို့​ထံ​အပ်​ပါ​။ သူ​သတ်​ခဲ့​သော သူ့​ညီအစ်ကို​၏​အသက်​အစား သူ့​ကို​ပြန်သတ်​မည်​။ အမွေခံ​ဖြစ်​နေ​လျှင်လည်း ဖျက်ဆီး​ပစ်​ရ​မည်’​ဟု ဆို​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​အတွက် ကျန်​နေ​သေး​သော​မီးခဲ​ကို​ငြှိမ်း​ပြီး အကျွန်ုပ်​ခင်ပွန်း​၏​အမည်​နှင့် မျိုးဆက်​ကို မြေကြီး​ပေါ်မှ​ပပျောက်​သွား​အောင် ပြု​ကြ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​၏​။


လူသတ်​မိ​သော​သူ​သည် လူထု​ရှေ့​၌​ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ အသတ်​မ​ခံရ​မည့်​အကြောင်း လက်စားချေ​သူ​၏​လက်​မှ​လွတ်မြောက်​ရန်​အတွက် ထို​မြို့​တို့​သည် ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။


ဥပမာ​အားဖြင့် အိမ်နီးချင်း​နှင့်အတူ တော​ထဲသို့ သစ်​ခုတ်​သွား​သော​သူ​သည် အပင်​ခုတ်လှဲ​ရန် ပုဆိန်​ကို​လွှဲ​လိုက်​သောအခါ ပုဆိန်​သည် အရိုး​မှ​ကျွတ်ထွက်​၍ အိမ်နီးချင်း​ကို ထိမှန်​ကာ အိမ်နီးချင်း​သေ​သွား​လျှင် လူသတ်​မိ​သော​သူ​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။


ထို့ကြောင့် ‘​သင်​သည် မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​’​ဟု သင့်​အား ငါ​မိန့်မှာ​ခဲ့​ခြင်း​ဖြစ်​၏​။


တစ်စုံတစ်ယောက်​၌ သေဒဏ်​စီရင်​ခြင်း​ခံထိုက်​သော​အပြစ်​ရှိ​၍ သေဒဏ်​ခံ​ပြီးနောက် သင်​သည် ထို​သူ​ကို သစ်တိုင်​၌ ချိတ်ဆွဲ​ထား​လျှင်


သူ​သည် မိမိ​အိမ်နီးချင်း​အပေါ် အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​ခြင်း​ဖြစ်​သောကြောင့် လက်စားချေ​သော​သူ​သည် သူ့​နောက်သို့​လိုက်လာ​သောအခါ သူ့​ကို လက်စားချေ​သူ​လက်​သို့ မ​အပ်​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ