Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 19:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​တော်မူ​သော​ပြည်​ရှိ သင်​အမွေဆက်ခံ​ရာ​အမွေမြေ​၌ ရှေးလူကြီး​တို့​သတ်မှတ်​ထား​သော​အိမ်နီးချင်း​၏​နယ်နိမိတ်​မှတ်တိုင်​ကို မ​ရွှေ့​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် ရှေး​အ​ခါ က​စိုက်​ထား​သည့်​သင်​၏​အိမ်​နီး​ချင်း​ပိုင် မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။''-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 19:14
9 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည် နယ်နိမိတ်စည်း​များ​ကို ရွှေ့ပစ်​တတ်​ကြ​၏​။ လုယူ​သော​တိရစ္ဆာန်​များ​ကို ထိန်းကျောင်း​တတ်​ကြ​၏​။


သို့ရာတွင် သူ​သည် မ​ရည်ရွယ်​ဘဲ သူ့​လက်​၌​ဘုရားသခင်​အပ်​သဖြင့် လူ​ကို​သတ်​မိ​လျှင် ထို​သူ​ထွက်ပြေး​ရ​မည့်​နေရာ​ကို ငါ​သတ်မှတ်​ပေး​မည်​။


ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။ မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။


သင်​၏​ဘိုးဘေး​များ​စိုက်ထူ​ခဲ့​သော ရှေးယခင်​နယ်နိမိတ်​ကို မ​ရွှေ့​နှင့်​။


ရှေးယခင်​နယ်နိမိတ်​အမှတ်အသား​ကို မ​ရွှေ့​နှင့်​။ ဖတဆိုး​တို့​၏​လယ်ယာ​များ​ကို မ​ကျူးကျော်​နှင့်​။


ယုဒ​အကြီးအကဲ​တို့​သည် နယ်နိမိတ်​မှတ်တိုင်​ကို​ရွှေ့ပစ်​သူ​များ​နှင့်​တူ​၏​။ ထို့ကြောင့် ရေ​ကို​သွန်ချ​သကဲ့သို့ သူ​တို့​အပေါ်​ငါ့​အမျက်​ကို သွန်ချ​မည်​။


‘​မိမိ​အိမ်နီးချင်း​၏​နယ်နိမိတ်​မှတ်တိုင်​ကို​ရွှေ့​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


ထို​အချိန်​၌ ငါ​သည် သင်​တို့​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား အပိုင်​ပေး​တော်မူ​ပြီ​။ သို့သော် ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​ညီအစ်ကို​အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။


ထို့နောက် မောရှေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​၌ မြို့​သုံး​မြို့​ကို သီးခြားခွဲထား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ