Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 19:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို မုန်း​သောကြောင့် သူ့​ကို​ချောင်းမြောင်း​တိုက်ခိုက်​၍ အသေသတ်​ပြီး ထို​မြို့​တစ်​မြို့​မြို့​သို့ ထွက်ပြေး​သွား​သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 တစ်​နည်း​ကား၊ မိ​မိ​အ​ဖော်​ကို​ရန်​ငြိုး​ဖွဲ့​သ​ဖြင့် ချောင်း​မြောင်း၍ သေ​အောင်​တိုက်​သော​သူ​သည် ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ ရောက်​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 19:11
9 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။


လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။


လူ့​အသက်​သတ်ခြင်း​အပြစ်ဝန်​ကို ထမ်း​သော​သူ​သည် သေတွင်း​ထဲ​ရောက်​သည့်​တိုင်အောင် ထွက်ပြေး​တိမ်းရှောင်​နေ​ရ​လိမ့်မည်​။ မည်သူ​မျှ​သူ့​ကို​မ​ထောက်မ​စေ​နှင့်​။


လူထု​သည် လူ​သတ်​မိ​သော​သူ​နှင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​အကြား​၌ ဤ​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း တရားစီရင်​ရ​မည်​။


သူ​နေထိုင်​သော​မြို့​မှ သက်ကြီးဝါကြီး​တို့​က လူ​လွှတ်​၍ သူ့​ကို​ခေါ်ဆောင်​လာ​စေ​ပြီး သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​၏​လက်​သို့ အပ်​ရ​မည်​။ သူ​သည် အသတ်​ခံရ​မည်​။


‘​မိမိ​အိမ်နီးချင်း​ကို လျှို့ဝှက်​စွာ​သတ်​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူသတ်သမား​ဖြစ်​၏။ မည်သည့်​လူသတ်သမား​၌​မျှ ထာဝရ​အသက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ