တရားဟောရာ 18:5 - မြန်မာ့စံမီသမ္မာကျမ်5 အကြောင်းမူကား ယဇ်ပုရောဟိတ်နှင့် သူ၏သားမြေးတို့သည် နေ့စဉ်နေ့တိုင်း ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်ရွက်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်၏မျိုးနွယ်အပေါင်းတို့ထဲမှ ရွေးချယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။'' အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ်ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကိုရွေးကောက်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။