တရားဟောရာ 18:20 - မြန်မာ့စံမီသမ္မာကျမ်20 ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။'' အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 ငါမမှာထားဘဲ ငါ့အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသောပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသောပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။