တရားဟောရာ 17:2 - မြန်မာ့စံမီသမ္မာကျမ်2 သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့တစ်မြို့မြို့တွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထာဝရဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းသောအမှုကိုပြုကြောင်း၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2-4 ``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2-3 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။