Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 15:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 သင်​သည် စူး​ကို​ယူ​ပြီး သူ​၏​နားရွက်​ကို တံခါး​၌​ကပ်​၍ ဖောက်​ရ​မည်​။ ထိုအခါ သူ​သည် သင်​၏​ကျွန် အစဉ်အမြဲ​ဖြစ်​လိမ့်မည်​။ သင်​၏​ကျွန်မိန်းမ​ကို​လည်း ထိုနည်းတူ​ပြု​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 သူ့​ကို​အိမ်​တံ​ခါး​သို့​ခေါ်​ဆောင်​ပြီး​နောက် သူ ၏​နား​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​အ​ခါ​သူ သည်​သင်​ထံ​၌​ရာ​သက်​ပန်​ကျွန်​ခံ​ရ​မည်။ ကျွန်​မိန်း​မ​ကို​လည်း​ထို​နည်း​တူ​ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 သင်​သည် စူး​ကို​ယူ၍ တံ​ခါး၌ ကျွန်၏​နား​ရွက်​ကို ဖောက်​ပြီး​မှ၊ သူ​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။ ထို​အ​တူ ကျွန်​မ၌​လည်း ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 15:17
6 ပူးပေါင်းရင်းမြစ်များ  

အကယ်၍ ထို​ကျွန်​က ‘​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​၏​မယား​နှင့်​သားသမီး​များ​ကို အကျွန်ုပ်​ချစ်​ပါ​၏​။ လွတ်လပ်​သော​သူ​အဖြစ် အကျွန်ုပ်​မ​ထွက်သွား​လို​ပါ​’​ဟု ပြတ်ပြတ်သားသား​ပြောဆို​လျှင်


သခင်​သည် သူ့​အား ဘုရားသခင်​၏​ရှေ့​တော်​သို့​ခေါ်ဆောင်​လာ​ရ​မည်​။ သူ့​အား တံခါး​၊ သို့မဟုတ် တံခါးတိုင်​သို့​ခေါ်ဆောင်​လာ​၍ သခင်​သည် သူ​၏​နားရွက်​ကို စူး​ဖြင့်​ဖောက်​ရ​မည်​။ သူ​သည် အစဉ်အမြဲ​အစေခံ​ရ​မည်​။


သို့ရာတွင် ထို​သူ​သည် သင်​နှင့် သင်​၏​မိသားစု​ကို​ချစ်​သောကြောင့်​၊ သင့်​ထံ၌​နေ​ပျော်​သောကြောင့် ‘​အကျွန်ုပ်​သည် သင့်​ထံမှ မ​ထွက်သွား​လို​ပါ​’​ဟု ဆို​လျှင်


ထို​သူ​သည် သူရင်းငှား​၏​လုပ်အားခ​နှစ်ဆ​ဖြင့် သင့်​ကို ခြောက်​နှစ်​ကျွန်ခံ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံမှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​ကို ခက်ခဲ​သည်​ဟု မ​ထင်​နှင့်​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​ကို​ကောင်းချီးပေး​တော်မူ​မည်​။


သို့သော် ဟန္န​က လိုက်​မ​သွား​ဘဲ သူ့​ခင်ပွန်း​အား “​သူငယ်​နို့ပြတ်​ပြီးမှ သူ့​ကို ခေါ်သွား​မည်​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်​၍ ထို​နေရာ​တွင် အစဉ်အမြဲ​နေ​ရ​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ