Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 14:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သို့သော် စားမြုံ့ပြန်​သော​အကောင်​၊ ခွာ​ကွဲ​သော​အကောင်​တို့​ထဲမှ သင်​တို့​စား​ခွင့်​မ​ရှိ​သော​အကောင်​များ​ကား ကုလားအုတ်​၊ တောယုန်​၊ ရှာဖန်ယုန် တို့​ဖြစ်​၏​။ အကြောင်းမူကား ထို​အကောင်​တို့​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ခွာ​လည်း​မ​ကွဲ၊ စား​မြုံ့​လည်း​မ​ပြန်​သော​တိ​ရစ္ဆာန် များ​ကို​မ​စားရ။ ကု​လား​အုတ်၊ ယုန်၊ ခွေး​တူ​ဝက်​တူ တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန်​တို့​သည် စား​မြုံ့​ပြန်​တတ်​သော်​လည်း ခွာ​မ​ကွဲ​သ​ဖြင့် မ​သန့်​သော​တိ​ရစ္ဆာန်​များ​ဟူ​၍​မှတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 သို့​သော်​လည်း စား​မြုံ့​ပြန်​သော​သား၊ ခွာ​ကွဲ​ပြား​သော​သား​တို့​တွင် မ​စား​ရ​သော သား​ဟူ​မူ​ကား၊ ကု​လား​အုတ်၊ အာ​ရ​န​ဘက်၊ ရှာ​ဖန်​တို့​သည် စား​မြုံ့​ပြန်​သော်​လည်း၊ ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌ မ​စင်​ကြယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 14:7
10 ပူးပေါင်းရင်းမြစ်များ  

တိရစ္ဆာန်​တို့​ထဲမှ ခွာ​နှစ်ခြမ်းကွဲ​၍ စားမြုံ့ပြန်​သော​တိရစ္ဆာန်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။


ရှာဖန်ယုန်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊


တောယုန်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊


ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ မ​ကျင့်သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် မိုက်မဲ​သော​သူ​နှင့်​တူ​၏။


တိရစ္ဆာန်​တို့​ထဲမှ ခွာ​နှစ်ခြမ်းကွဲ​၍ စားမြုံ့ပြန်​သော တိရစ္ဆာန်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။


ဝက်​သည် ခွာ​ကွဲ​သော်လည်း စားမြုံ့​မ​ပြန်​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​။ အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း မ​ထိ​ရ​။


ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။


သူ​တို့​သည် ဘုရားသခင်​ကို​သိ​သည်​ဟု ဝန်ခံ​ကြ​သော်လည်း သူ​တို့​ပြု​သော​အမှု​များ​အားဖြင့် ဘုရားသခင်​ကို​ငြင်းပယ်​၍ ရွံရှာ​ဖွယ်​ကောင်း​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အမှု​ရှိသမျှ​နှင့်​မ​ထိုက်တန်​သော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ