Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 13:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သင်​၏​အနီး​ပတ်ပတ်လည်​၌​ရှိ​သော​လူမျိုး​တို့​၏​ဘုရား​၊ မြေကြီး​တစ်ဖက်စွန်း​မှ​တစ်ဖက်စွန်း​တိုင်အောင် အဝေး​၌​ရှိ​သော​လူမျိုး​တို့​၏​ဘုရား​တို့​ကို ‘​ငါ​တို့​သွား​၍​ဝတ်ပြု​ကြ​စို့​’​ဟု သင့်​ကို တိတ်တဆိတ်​သွေးဆောင်​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သူ​တို့​တစ်​ဦး​ဦး​က​သင်​တို့​အ​နီး​အ​ပါး တွင်​နေ​ထိုင်​သူ သို့​မ​ဟုတ်​သင်​တို့​နှင့်​ဝေး​သော အ​ရပ်​တွင်​နေ​ထိုင်​သူ​တို့​၏​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဖြား​ယောင်း​ပေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 သင့်​ပတ်​လည်​အ​နီး​အ​ဝေး၌ နေ​သော​သူ၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ ကိုး​ကွယ်​သော​ဘု​ရား​ကို ဝတ်​ပြု​ကြ​စို့​ဟု တိတ်​ဆိတ်​စွာ သွေး​ဆောင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 13:7
7 ပူးပေါင်းရင်းမြစ်များ  

သူ​၏​မယ်တော်​သည် ဆိုးယုတ်​သော​အကြံ​များ​ကို​သာ ပေး​သောကြောင့် သူ​သည် အာဟပ်​မင်းမျိုးမင်းနွယ်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။


လူအုပ်ကြီး​ဖြစ်​သော မိမိ​တို့​မယား​က အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြောင်း​ကို သိ​သော​ယောက်ျား​များ​နှင့် သူ​တို့​အနီး​တွင်​ရပ်​နေ​သော​မိန်းမ​များ​အားလုံး​၊ အီဂျစ်​ပြည် ပါသရု​မြို့သား​အားလုံး​က ယေရမိ​အား


ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထဲမှ အကြီးအမှူး​ရှိသမျှ​တို့​ကို ခေါ်ထုတ်​၍ ထာဝရဘုရား​၏​ရှေ့​၊ နေပူ​ထဲ၌ သူ​တို့​ကို​ဆွဲ​ထား​လော့​။ သို့ပြုလျှင် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​သည် အစ္စရေး​လူမျိုး​တို့​ထံမှ လွှဲသွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​၏​မအေတူဖအေကွဲညီအစ်ကို​ဖြစ်စေ​၊ သင်​၏​သား​သမီး​ဖြစ်စေ​၊ သင်​၏​ရင်ခွင်​၌​ရှိ​သော​မယား​ဖြစ်စေ​၊ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်စေ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော​အခြား​ဘုရား​များ​ဖြစ်​သည့်


သင်​သည် ထို​သူ​ကို မ​လိုက်လျော​ရ​။ နား​မ​ထောင်​ရ​။ မ​သနား​ရ​။ မ​ညှာတာ​ရ​။ အကာအကွယ်​မ​ပေး​ရ​။


အခြား​ဘုရား​များ​၊ သင်​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ဆည်းကပ်​ရ​။


ထာဝရဘုရား​ကို ဝတ်​မ​ပြု​သင့်​ဟု သင်​တို့​ထင်မှတ်​လျှင် ယနေ့ သင်​တို့​ဝတ်ပြု​လို​သည့်​ဘုရား​ကို သင်​တို့​ရွေးချယ်​ပါ​။ ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌ သင်​တို့​ဘိုးဘေး​ဝတ်ပြု​ခဲ့​သော​အခြား​ဘုရား​များ​ကို ဝတ်ပြု​မည်လော​၊ သင်​တို့​နေထိုင်​ရာ​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​ကို ဝတ်ပြု​မည်လော​။ ငါ​နှင့်​ငါ့​အိမ်သူအိမ်သား​တို့​မူကား ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ