Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 12:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး​၊ ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​ရှိသမျှ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ အလှူပစ္စည်း စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​သည် မိမိ​မြို့​၌ စား​ခွင့်​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 12:17
11 ပူးပေါင်းရင်းမြစ်များ  

လေဝိ​အမျိုး​ဣမန​၏​သား အရှေ့​တံခါးစောင့်​ကောရေ​သည် ဘုရားသခင်​ထံ​စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ​များ​ကို စီမံ​အုပ်ချုပ်​ရ​၏​။ သူ​သည် ထာဝရဘုရား​ထံ ပေးလှူ​သော​အလှူပစ္စည်း​နှင့် အသန့်ရှင်းဆုံး​အလှူပစ္စည်း​တို့​ကို ခွဲဝေ​ပေး​ရ​၏​။


ဇာတိ​အားဖြင့် အစ္စရေး​လူမျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့် စပ်ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


ထိုအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် နာမ​တော်​ကိန်းဝပ်​ရာ​နေရာ​ကို​ရွေးချယ်​တော်မူ​မည်​။ သင်​တို့​အား ငါ​မှာကြား​ထား​သမျှ​အတိုင်း သင်​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ထာဝရဘုရား​ထံ သင်​တို့​ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​အကောင်းဆုံး​ပူဇော်သက္ကာ​ရှိသမျှ​တို့​ကို ထို​နေရာ​သို့ သင်​တို့​ယူဆောင်​လာ​ရ​မည်​။


သင်​ပူဇော်​ရ​မည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ တို့​ကို​ယူ​၍ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။


သင်​တို့​သည် မိမိ​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ နွား​သားဦး​၊ သိုး​သားဦး တို့​ကို ထို​အရပ်​သို့ ယူဆောင်​လာ​၍


သင်​သည် ဆယ်ဖို့တစ်ဖို့​နှစ်​ဖြစ်​သော တတိယ​နှစ်​၌ သင့်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို​ဖယ်ထား​ပြီး လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​၍ သင်​၏​မြို့​များ​၌ သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​မည်​။


အကျွန်ုပ်​သည် သေ​သူ​အတွက်​ဝမ်းနည်းကြေကွဲ​စဉ် ထို​အရာ​ကို မ​စား​ပါ​။ မစင်ကြယ်​ဖြစ်​နေစဉ် ထို​အရာ​ကို မ​ထိ​ပါ​။ သေ​သော​သူ​အတွက် ထို​အရာ​ကို မ​ပူဇော်​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​ပြီ​။ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။


ဧလကာန​သည် မိမိ​ယဇ်ပူဇော်​ရာ​နေ့​ရောက်​တိုင်း မယား​ပေနိန္န​နှင့် သူ​၏​သား​သမီး​အားလုံး​ကို ဝေစု​များ​ခွဲဝေ​ပေး​လေ့​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ