Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 11:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​၏​မြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 11:6
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့် ဘုရားသခင်​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ


မြေ​သည် ကွဲအက်​လျက် ဒါသန်​ကို​မျို​၍ အဘိရံ​နှင့်​အပေါင်းပါ​တို့​ကို ဖုံးအုပ်​လေ​၏​။


ကမ္ဘာမြေကြီး​သည် အစိတ်စိတ်အမွှာမွှာ​ကွဲ​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် လုံးလုံး​ကွဲအက်​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် သွက်သွက်​ခါလှုပ်​လေ​ပြီ​။


ကောရ​၏​သား​တို့​မူကား အသတ်​မ​ခံရ​ကြ​။


“​ကျွန်မ​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။


ဤ​အရပ်​သို့​သင်​တို့​ရောက်​သည့်​တိုင်အောင် တောကန္တာရ​၌ သင်​တို့​အတွက် မည်သို့​ပြု​တော်မူ​ခဲ့​ပုံ


အကြောင်းမူကား ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့် ကြီးမား​သော​အမှု​ရှိသမျှ​တို့​ကို သင်​တို့​ကိုယ်တိုင် တွေ့မြင်​ခဲ့​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ