တရားဟောရာ 10:15 - မြန်မာ့စံမီသမ္မာကျမ်15 ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း နောင်လာမည့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့ကို လူမျိုးရှိသမျှတို့ထဲမှ ရွေးချယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသော သင့်ကို၊ အခြားသောလူမျိုးတကာတို့တွင် ရွေးကောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။