Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 1:25 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 သူ​တို့​သည် ထို​ပြည်​မှ​ယူလာ​သော​အသီး​အချို့​ကို ငါ​တို့​ထံသို့ ယူ​ဆောင်လာ​ပြီးလျှင် ‘​အကျွန်ုပ်​တို့​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သည် သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​’​ဟု အစီရင်ခံ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 ထို​ပြည်၌​ရ​သော သစ်​သီး​ကို​ထမ်း၍ ဆောင်​ခဲ့​လျက်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သည် ကောင်း​သော​ပြည်​ဖြစ်၏​ဟု ကြား​ပြော​ကြ​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 1:25
6 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။


ထို​ပြည်​သည် ကြွယ်ဝ​သလော​၊ ဆင်းရဲ​သလော​။ ထို​ပြည်​ထဲ၌ အပင်​ရှိ​သလော​၊ မ​ရှိ​သလော စသည်​ဖြင့် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ သင်​တို့​သည် ရဲရင့်​ခြင်း​ရှိ​ရ​မည်​။ ထို​ပြည်​မှ အသီး​အချို့​ကို​ယူဆောင်​လာ​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ထို​အချိန်​သည် စပျစ်သီး အဦးဆုံး​မှည့်​သော​အချိန်​ဖြစ်​၏​။


သူ​တို့​က “​အကျွန်ုပ်​တို့​အား ကိုယ်တော်​စေလွှတ်​သော​ပြည်​သို့ အကျွန်ုပ်​တို့​ရောက်​ခဲ့​ပါ​၏​။ အမှန်ပင် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ဖြစ်​ပါ​၏​။ ဤ​အသီး​ကား ထို​ပြည်​မှ​ထွက်​သော​အသီး​ဖြစ်​ပါ​၏​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား “​ငါ​တို့​သွား​၍​စူးစမ်း​ခဲ့​သော​ပြည်​သည် အလွန်တရာ​သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​။


ထို​သူ​တို့​သည် တောင်ပေါ်ဒေသ​သို့ တက်သွား​ပြီး ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​၍ ထို​ပြည်​ကို စူးစမ်း​ကြ​၏​။


သို့သော် သင်​တို့​သည် မ​သွား​လို​သဖြင့် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ