Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 9:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ပရောဖက်​တို့​အားဖြင့် အကျွန်ုပ်​တို့​အား ပေး​တော်မူ​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ပေး​အပ်​တော်​မူ​သော​ပ​ညတ်​တော်​များ အ​တိုင်း​လိုက်​နာ​ရန်​မိန့်​ကြား​သော်​လည်း အ​ကျွန်ုပ်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​ရင်း၊ ပ​ရော​ဖက်​တို့​ဖြင့် အ​ကျွန်ုပ်​တို့၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​လမ်း​သို့ လိုက်​ခြင်း​ငှာ၊ ဗျာ​ဒိတ်​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 9:10
8 ပူးပေါင်းရင်းမြစ်များ  

ဤသို့​ဖြစ်​ရ​ခြင်း​မှာ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​ဘုရားသခင် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သည့်​အပြင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​အားဖြင့် မိန့်မှာ​ထား​သည့် ပဋိညာဉ်​ရှိသမျှ​ကို​လည်း မ​နာခံ​မ​လိုက်လျှောက်​ဘဲ ချိုးဖောက်​ကြ​သောကြောင့် ဖြစ်​၏​။


ထိုအခါ သင်​က သူ​တို့​အား ‘ထာဝရဘုရား​က သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​နောက်သို့ လိုက်​ကြ​ပြီ​။ ထို​ဘုရား​တို့​ကို အစေခံ​ကြ​ပြီ​။ ပျပ်ဝပ်​ကြ​ပြီ​။ ငါ​ပညတ်​ထား​သော​တရား​ကို မ​စောင့်ထိန်း​ကြ​။


သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။


ကိုယ်တော်​၏​အစေအပါး ပရောဖက်​တို့​က နာမ​တော်​ကို​အမှီပြု​၍ အကျွန်ုပ်​တို့​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ ပြည်သူပြည်သား​တို့​အား ဟောပြော​ခဲ့​သည်​ကို အကျွန်ုပ်​တို့ နား​မ​ထောင်​ခဲ့​ပါ​။


ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ