Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:6
13 ပူးပေါင်းရင်းမြစ်များ  

မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။


သူ​တို့​သည် ငါ့​အသက်​ကို​သတ်​ရန် စောင့်မျှော်​နေ​ကြ​သည်​နှင့်အညီ ပူပေါင်းကြံစည်​လျက် ချောင်းမြောင်း​လျက် ငါ​၏​ခြေလှမ်း​များ​ကို​စောင့်ကြည့်​ကြ​၏​။


သင်​တို့​သည် မည်မျှ​ကြာ​အောင် လူ​ကို​ပြင်းထန်​စွာ​တိုက်ခိုက်​ကြ​မည်နည်း​။ သင်​တို့​အားလုံး​သည် တိမ်းစောင်း​နေ​သော​နံရံ​နှင့် လှုပ်နဲ့​နေ​သော​ခြံစည်းရိုး​ကဲ့သို့​သော​သူ​ကို သတ်ဖြတ်​ကြ​မည်​လော​။


ခါလဒဲ​ပညာရှိ​တို့​က​လည်း အာရမိတ်​ဘာသာစကား​ဖြင့် ရှင်ဘုရင်​အား “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို​ပြောပြ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့ အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။


သူ​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။


မယ်တော်​က ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကားသံ​ကို ကြား​လျှင် စားသောက်ပွဲ​ခန်းမ​ထဲသို့​ဝင်လာ​၍ “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး တွေးတော​ထိတ်လန့်​ခြင်း မ​ရှိ​ပါ​နှင့်​။ မျက်စိမျက်နှာ​လည်း မ​ပျက်​ပါ​နှင့်​။


ထိုအခါ လူ​တို့​သည် အုပ်စုလိုက်​ရောက်လာ​၍ ဒံယေလ​သည် မိမိ​ဘုရားသခင်​ရှေ့​တော်​တွင် ဆုတောင်း​အသနားခံ​နေ​သည်​ကို တွေ့​သောအခါ


ဒံယေလ​က​လည်း “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။


ပေါလု​ကို​ခေါ်ထုတ်​လာ​သောအခါ တေရတုလု​သည် သူ့​ကို စတင်​စွပ်စွဲ​၍ လျှောက်ထား​သည်​မှာ “မြတ်​သော​ဖေလဇ်​မင်း၊ အရှင့်​အားဖြင့် အကျွန်ုပ်​တို့​သည် များစွာ​သော​ငြိမ်းချမ်း​မှု​ကို​ခံစား​ရ​လျက် အရှင်​၏​အမြော်အမြင်​ကြောင့် ဤ​တိုင်းပြည်​တွင် ပြုပြင်​ပြောင်းလဲ​မှု​များ​ဖြစ်ပေါ်​နေ​ပါ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ