ဒံယေလ 6:13 - မြန်မာ့စံမီသမ္မာကျမ်
13 ထိုအခါ သူတို့က “အရှင်မင်းကြီး၊ ယုဒလူမျိုးသုံ့ပန်းတစ်ဦးဖြစ်သောဒံယေလသည် အရှင်မင်းကြီးကိုအလေးမထား။ အရှင်မင်းကြီးလက်မှတ်ရေးထိုးထုတ်ပြန်ထားသော အမိန့်ကို မနာခံဘဲ တစ်နေ့သုံးကြိမ်ဆုတောင်းမြဲ ဆုတောင်းလျက်နေပါ၏”ဟု ဘုရင့်ထံ လျှောက်ထားကြလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တစ်နေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍နေပါသည်ဟု လျှောက်ထားကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ