Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ရှင်ဘုရင်​ထံသို့​သွား​ပြီးလျှင် ရှင်ဘုရင်​ထုတ်ပြန်​ထား​သော​အမိန့်​နှင့်​ပတ်သက်၍ “အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​အမိန့်​ကို လက်မှတ်ရေးထိုး​ထား​ပြီ​မ​ဟုတ်​ပါ​လော​၊ အရှင်မင်းကြီး​”​ဟု မေးလျှောက်​ကြ​လျှင် မင်းကြီး​က “​မေဒိ​နှင့်​ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​အတိုင်း ဤ​ကိစ္စ​မှာ မှန်ကန်​၏​”​ဟု ပြန်လည်​မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဓမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:12
7 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် မိဖုရား​ဝါရှတိ​သည် အာရွှေရု​မင်းကြီး​ရှေ့​တော်​သို့​မည်သည့်​အခါ​မျှ အခစား​မ​ဝင်​ရ​ဟု ရာဇ​အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။ သူ့​အရိုက်အရာ​ကို သူ့​ထက်​သာ​သော​အခြားသူ​တစ်​ယောက်​အား အရှင်မင်းကြီး​လွှဲပေး​တော်မူ​ပါ​။ ဤ​အမိန့်​ကို​ပယ်ဖျက်​၍​မ​ရ​အောင် ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​တို့​၏​ဥပဒေ​တွင် ရေးမှတ်​စေ​တော်မူ​ပါ​။


ထို​သူ​တို့​က​လည်း ရှင်ဘုရင်​ထံ အုပ်စုလိုက်​သွား​၍ “​အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​နှင့်အညီ ရှင်ဘုရင်​အတည်ပြု​ထား​သော​မည်သည့်​အမိန့်​၊ မည်သည့်​ပြဋ္ဌာန်းချက်​ကို​မျှ ပြုပြင်​ပြောင်းလဲ​၍​မ​ရ​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု ရှင်ဘုရင်​အား လျှောက်ဆို​ကြ​၏​။


အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​နိုင်​သော​ဥပဒေသ​အတိုင်း ဤ​အမိန့်​စာ​ကို ယခု အတည်ပြု​လက်မှတ်ရေးထိုး​တော်မူ​ပါ​”​ဟု လျှောက်တင်​ကြ​သောကြောင့်


သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။


ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ