Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 3:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်း​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို သင်​တို့​ကြား​ရ​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ကြ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 3:5
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ရုပ်တု​များ​မူကား ရွှေ​၊ ငွေ​ဖြစ်​ကြ​ပြီး လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။


ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ဒံယေလ​အား ပျပ်ဝပ်​ရှိခိုး​ပြီးလျှင် ဘောဇဉ်ပူဇော်သက္ကာ​နှင့် အမွှေးနံ့သာ​ကို သူ့​အား​ဆက်သ​ကြ​ရန် အမိန့်ပေး​လေ​၏​။


အို အရှင်မင်းကြီး​၊ မင်းကြီး​က တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်း​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​သော​သူ​တိုင်း ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရ​မည်​။


ယခု သင်​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်း​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​လျှင် ငါ​တည်​ထား​သော​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရန် အသင့်ရှိ​ရ​မည်​။ သင်​တို့​မ​ရှိခိုး​ပါက မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း​ခံရ​မည်​။ သင်​တို့​ကို ငါ့​လက်​မှ မည်သည့်​ဘုရား​က ကယ်တင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်း​၊ စောင်းပြား​မှစ၍ တူရိယာ​အမျိုးမျိုး​တီးမှုတ်သံ​ကို ကြား​လျှင်​ကြား​ချင်း နေဗုခဒ်နေဇာ​မင်းကြီး တည်​ထား​သော​ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ