Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 3:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို့ကြောင့် မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​၏​အနုမောဒနာ​ပွဲ​သို့ စုရုံး​လာ​ကြ​ပြီး နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​ရှေ့​၌ ရပ်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် စု​ဝေး​ရောက်​လာ၍၊ တည်​ထား​တော်​မူ​သော ရုပ်​တု​ရှေ့​မှာ ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 3:3
11 ပူးပေါင်းရင်းမြစ်များ  

မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​စုရုံး​၍ သူ​တည်​ထား​သော​ရုပ်တုကြီး​၏​အနုမောဒနာ​ပွဲ​သို့ လာရောက်​ကြ​ရန် ဆင့်ခေါ်​လေ​၏​။


ထိုအခါ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ ဘုရင့်​အတိုင်ပင်ခံ​များ ဝိုင်းအုံ​ကြည့်​ကြ​ရာ ထို​သူ​တို့​၏​ကိုယ်ခန္ဓာ​ကို မီး​မ​လောင်​၊ ဦးခေါင်း​မှ​ဆံပင်​လည်း မီး​မ​ဟပ်​၊ ဝတ်ရုံ​များ​လည်း မ​ပျက်စီး​၊ သူ​တို့​ကိုယ်​တွင်​လည်း မီးခိုးနံ့​ပင် မ​ရ​ကြောင်း​ကို တွေ့​ရ​လေ​၏​။


သံတော်ဆင့်​တစ်ဦး​က “​အို နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​ကြ​သော​လူမျိုး​အပေါင်း​တို့​၊ သင်​တို့​အတွက် အမိန့်​တော်​ရှိ​၏​။


တတ်သိ​နားလည်​သော​သူ​မ​ရှိ၊ ဘုရားသခင်​ကို​ရှာ​သော​သူ​မ​ရှိ။


ထို​ဘုရင်​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ မိမိ​တို့​၏​တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို သားရဲ​အား​ပေးအပ်​ကြ​လိမ့်မည်။


အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​နှုတ်ကပတ်တော်​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ သူ​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ဖြစ်​လျက် မိမိ​တို့​၏​နိုင်ငံ​များ​ကို သားရဲ​ထံ​ပေးအပ်​ခြင်း​အားဖြင့် ဘုရားသခင်​၏​အကြံအစည်​တော်​အတိုင်း ဆောင်ရွက်​မည့်​သဘော​ကို သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ