Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 3:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​စုရုံး​၍ သူ​တည်​ထား​သော​ရုပ်တုကြီး​၏​အနုမောဒနာ​ပွဲ​သို့ လာရောက်​ကြ​ရန် ဆင့်ခေါ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 3:2
10 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ယေရောဗောင်​မင်းကြီး​သည် ယုဒ​ပြည်​တွင်​ကျင်းပ​သော​ပွဲ​ကဲ့သို့ အဋ္ဌမ​လ​၊ တစ်ဆယ့်ငါး​ရက်​နေ့​တွင် ပွဲ​ကျင်းပ​ပြီး ယဇ်ပလ္လင်​တွင် ယဇ်ပူဇော်​၏​။ ဗေသလ​မြို့​တွင်​တည်​ထား​သော​နွားသငယ်ရုပ်တု​ကို​လည်း ယဇ်ပူဇော်​၏​။ ဗေသလ​မြို့​ရှိ သူ​တည်​ထား​သော​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​များ​ကို ခန့်ထား​၏​။


အုပ်စိုး​သူ​မင်း​သည် မုသား​စကား​ကို​အာရုံစိုက်​လျှင် သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် ဆိုးယုတ်​သော​သူ​များ​ဖြစ်လာ​ကြ​လိမ့်မည်​။


ထိုအခါ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ ဘုရင့်​အတိုင်ပင်ခံ​များ ဝိုင်းအုံ​ကြည့်​ကြ​ရာ ထို​သူ​တို့​၏​ကိုယ်ခန္ဓာ​ကို မီး​မ​လောင်​၊ ဦးခေါင်း​မှ​ဆံပင်​လည်း မီး​မ​ဟပ်​၊ ဝတ်ရုံ​များ​လည်း မ​ပျက်စီး​၊ သူ​တို့​ကိုယ်​တွင်​လည်း မီးခိုးနံ့​ပင် မ​ရ​ကြောင်း​ကို တွေ့​ရ​လေ​၏​။


ထို့ကြောင့် မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​၏​အနုမောဒနာ​ပွဲ​သို့ စုရုံး​လာ​ကြ​ပြီး နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​ရှေ့​၌ ရပ်​နေ​ကြ​၏​။


ထို​အမျိုးသမီး​တို့​သည် မိမိ​တို့​ဘုရား​များ​၏​ယဇ်ပူဇော်ပွဲ​များ​သို့ အစ္စရေး​အမျိုးသား​တို့​ကို ခေါ်သွား​၏​။ သူ​တို့​သည် စားသောက်​ကြ​၍ ထို​အမျိုးသမီး​တို့​၏​ဘုရား​များ​ကို​လည်း ရှိခိုးကိုးကွယ်​ကြ​၏​။


ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည်​လည်း သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​စပျစ်​ဝိုင်​ဖြင့် ယစ်မူး​ကြ​၏”​ဟု မြွက်ဆို​ပြီးလျှင်


ဖိလိတ္တိ​မင်း​တို့​က “​ငါ​တို့​၏​ဘုရား​သည် ငါ​တို့​၏​ရန်သူ​ရှံဆုန်​ကို ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒါဂုန်​ဘုရား​အား ယဇ်​ပူဇော်​သော​ပွဲ​ကြီး​ကို တပျော်တပါး​ကျင်းပ​ရန် စုဝေး​လာ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ