ဒံယေလ 2:46 - မြန်မာ့စံမီသမ္မာကျမ်46 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ဒံယေလအား ပျပ်ဝပ်ရှိခိုးပြီးလျှင် ဘောဇဉ်ပူဇော်သက္ကာနှင့် အမွှေးနံ့သာကို သူ့အားဆက်သကြရန် အမိန့်ပေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version46 ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version46 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပျပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သကာပြုခြင်းငှာလည်းကောင်း၊ နံ့သာမျိုးကို မီးရှို့၍ ဆက်ကပ်ခြင်းငှာလည်းကောင်း စီရင်တော်မူလျက်၊ အခန်းကိုကြည့်ပါ။ |
ကျွန်းသားတို့က သူသည် ယောင်လာတော့မည်၊ သို့မဟုတ် ရုတ်တရက်လဲကျ၍ သေဆုံးလိမ့်မည်ဟုဆိုလျက် စောင့်ကြည့်နေကြ၏။ သို့သော် ကြာမြင့်စွာစောင့်ကြည့်နေသော်လည်း မကောင်းသည့်လက္ခဏာတစ်စုံတစ်ခုမျှ သူ၌မဖြစ်သည်ကို မြင်ကြသောအခါ သူတို့သည် စိတ်ပြောင်းသွား၍ ဤသူကား ဘုရားဖြစ်သည်ဟုဆိုကြ၏။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။