ဒံယေလ 2:26 - မြန်မာ့စံမီသမ္မာကျမ်26 ရှင်ဘုရင်ကလည်း ဗေလတရှာဇာခေါ် ဒံယေလအား “ငါမက်သောအိပ်မက်နှင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်သလော”ဟု မေးလျှင် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version26 မင်းကြီးက(ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလအား``သင်သည်ငါ၏အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်၏အနက် ကိုလည်းကောင်းဖော်ပြနိုင်ပါသလော'' ဟုမေးတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version26 ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဖော်ပြနိုင်သလောဟု၊ ဗေလတရှာဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊ အခန်းကိုကြည့်ပါ။ |
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးလိမ့်မည်”ဟု ဆိုလေ၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။