Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 10:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထိုအခါ လက်​တစ်​ဖက်​သည် ငါ့​ကို​တို့​၍ ငါ့​ဒူး​နှင့်​လက်​ကို​လည်း ကိုင်လှုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထို​အ​ခါ​လက်​တစ်​ဖက်​သည်​ငါ့​ကို​ကိုင်​ဆွဲ ချီ​ကြွ​သ​ဖြင့် ငါ​သည်​လေး​ဘက်​ထောက် လျက်​နေ​၏။ ငါ​သည်​တုန်​လှုပ်​လျက်​ပင်​ရှိ နေ​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ထို​အ​ခါ လက်​တစ်​ဖက်​သည် ငါ့​ကို​ကြွ၍၊ ငါ​သည် ဒူး​နှင့် လက်​ဝါး​ဖြင့် ထောက်​လျက်​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 10:10
6 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် လက်​တော်​ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​တော်မူ​၏​။ ထို့နောက် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​၏​နှုတ်ကပတ်တော်​ကို သင့်​နှုတ်​၌ ငါ​ထား​ပြီ​။


ထိုအခါ လူ​သဏ္ဌာန်​နှင့်​တူ​သော​သူ​က ငါ့​နှုတ်ခမ်း​ကို တို့​၏​။ ငါ​လည်း နှုတ်​ကို​ဖွင့်​၍ ငါ့​ရှေ့​၌​ရပ်​နေ​သော​သူ​အား “​အကျွန်ုပ်​၏​သခင်​၊ ဤ​နိမိတ်အာရုံ​ကြောင့် အကျွန်ုပ်​သည် ပြင်းထန်​သော​ဝေဒနာ​ကို​ခံစား​ရ​၍ ခွန်အား​လည်း ကုန်ခန်း​ပါ​ပြီ​။


ထိုအခါ လူ​ပုံသဏ္ဌာန်​နှင့်​တူ​သော​သူ​သည် ငါ့​ကို နောက်တစ်ခါ တို့​၍ ခွန်အား​ဖြည့်​ပေး​၏​။


ထိုသို့​ပြော​နေ​စဉ် ငါ​သည် သတိလစ်​၍​မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​ရာ​မှ သူ​က ငါ့​ကို​တို့​၍ ပြန်ရပ်​စေ​ပြီး


ထိုသို့ ငါ​မြွက်ဆို​ဆုတောင်း​နေ​စဉ် ယခင် ဗျာဒိတ်နိမိတ်​တွင် ငါ​တွေ့မြင်​ခဲ့​ရ​သော ဂါဗြေလ​သည် အလျင်အမြန်​ပျံသန်း​လာ​၍ ညနေ​ပူဇော်သက္ကာ​အချိန်​တွင် ငါ့​ထံ​ရောက်လာ​၏​။


ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက်“မ​ကြောက်​နှင့်။ ငါ​သည် အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ