Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 1:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍ နာ​မည်​သစ်​ကို​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 1:7
13 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။


ဖာရော​နေခေါ​မင်းကြီး​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ဧလျာကိမ်​ကို ခမည်းတော်​ယောရှိ​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ ယောခတ်​မင်းကြီး​ကို အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​ပြီး ထို​ပြည်​တွင်​ပင် သူ​အနိစ္စရောက်​လေ​၏​။


ထို့ပြင် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​၏​ဘထွေး​တော်​မတ္တနိ​ကို မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ဇေဒကိ​ဟု​အမည်​ပြောင်း​ပေး​၏​။


ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။


ထို့နောက် ရှင်ဘုရင်​သည် နန်းတော်အုပ် အာရှာပေနတ်​ကို​ခေါ်​၍ အစ္စရေး​အမျိုးသား မင်းမျိုးမင်းနွယ်​၊ မှူးမျိုးမတ်နွယ်​တို့​ထဲမှ


ပါးရှား​ဘုရင် ကုရု​မင်းကြီး​နန်းစံ တတိယ​နှစ်​တွင် ဗေလတရှာဇာ ခေါ် ဒံယေလ​ထံသို့ နှုတ်ကပတ်တော် ရောက်လာ​၏​။ ထို​နှုတ်ကပတ်တော်​သည် အစစ်အမှန်​ဖြစ်​၏​။ စစ်ပွဲ​ကြီး​နှင့်​ဆိုင်​၏​။ နှုတ်ကပတ်တော်​ကို သူ​နားလည်​၏​။ စိတ်အာရုံ​အားဖြင့် သူ​နားလည်​၏​။


ရှင်ဘုရင်​က​လည်း ဗေလတရှာဇာ​ခေါ် ဒံယေလ​အား “​ငါ​မက်​သော​အိပ်မက်​နှင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​သလော​”​ဟု မေး​လျှင်


ဒံယေလ​က​လည်း ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား ဘေဘီလုံ​နယ်မြေ​တွင် အုပ်ချုပ်ရေးမှူး​အဖြစ်​ခန့်ထား​ပေး​ရန် ဘုရင်​ထံ​တောင်းလျှောက်​၏​။ ဒံယေလ​မူကား နန်းတွင်း​၌ အမှုထမ်း​ရ​လေ​၏​။


အိပ်မက်​တစ်​ခု​ကို မြင်မက်​၏​။ ထို​အိပ်မက်​သည် ငါ့​ကို ခြောက်လှန့်​၏​။ သလွန်တော်​ပေါ်တွင်​လဲလျောင်း​နေစဉ် တွေးမိ​သော​အတွေး​၊ စိတ်အာရုံ​တွင် မြင်​ရ​သော​အရာ​တို့​က ငါ့​ကို ထိတ်လန့်​စေ​၏​။


နောက်ဆုံး​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​၊ ငါ့​ဘုရား​၏​နာမ​အတိုင်း အမည်​သစ်​ရ​သော​ဗေလတရှာဇာ ခေါ် ဒံယေလ​သည် ငါ့​ထံ​ရောက်လာ​၏​။ ငါ​သည်​လည်း သူ့​အား


ဗေလတရှာဇာ​ဟု ခမည်းတော်​က နာမည်​ပေး​ထား​သော​ဒံယေလ​၌ ထူးကဲ​သော​ဉာဏ်​၊ အသိပညာ​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ အိပ်မက်​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ စကားထာ​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​သော​ဉာဏ် ရှိ​ကြောင်း​သိ​ရ​ပါ​၏​။ ထို့ကြောင့် ဒံယေလ​ကို​ဆင့်ခေါ်​ပါ​။ သူ​သည် အနက်အဓိပ္ပာယ်​ကို​ဖော်ပြ​ပေး​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ