ကောလောသဲ 3:1 - မြန်မာ့စံမီသမ္မာကျမ်1 သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လက်ယာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။- အခန်းကိုကြည့်ပါ။ |
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။