Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




အာ​မုတ် 2:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 “သို့သော် သင်​တို့​သည် နာဇရိ​လူ​တို့​ကို​စပျစ်ဝိုင်​တိုက်​၍ ပရောဖက်​တို့​ကို​လည်း ‘ပရောဖက်ပြု​မ​ဟောပြော​နှင့်’​ဟု အမိန့်ပေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သို့​ရာ​တွင်​သင်​သည်​နာ​ဇ​ရိ​လူ​တို့​အား စ​ပျစ်​ရည်​ကို​သောက်​စေ​၍​ပ​ရော​ဖက်​တို့ အား​ငါ​၏​သ​တင်း​စ​ကား​ကို​ကြား​ပြော ခြင်း​မ​ပြု​ရန်​တား​မြစ်​ခဲ့​ကြ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 သင်​တို့​မူ​ကား၊ နာ​ဇ​ရိ​လူ​သောက်​ဖို့​စ​ပျစ်​ရည်​ကို​ပေး​ကြ​ပြီ။ ပ​ရော​ဖက်​တို့​ကို​လည်း၊ ပ​ရော​ဖက်​ပြု၍ မ​ဟော​ကြ​နှင့်​ဟု မြစ်​တား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 2:12
8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က စိတ်အာရုံမြင်ရသူ​တို့​အား “​စိတ်အာရုံ မ​မြင်​ကြ​နှင့်​”​ဟု ဆို​တတ်​ကြ​၏​။ ဗျာဒိတ်ရသူ​တို့​အား​လည်း “​ငါ​တို့​အား မှန်​သော​အရာ​များ​ကို မ​ဟော​ကြ​နှင့်​။ မြှောက်ပင့်​သော​စကား​များ​ကို ပြော​ကြ​ပါ​။ လှည့်စား​သော​စကား​များ​ကို ဟော​ကြ​ပါ​။


ထို့ကြောင့် “​ငါ​တို့​လက်​ဖြင့် သင်​မ​သေ​ရ​မည့်​အကြောင်း ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ပရောဖက်​မ​ပြု​နှင့်”​ဟု ဆို​လျက် သင့်​အသက်​ကို​ရန်ရှာ​သော အာနသုတ်​မြို့သား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။


ထို့နောက် စပျစ်ဝိုင်​အပြည့်​ထည့်​ထား​သော​ကရား​နှင့်​ခွက်​တို့​ကို ရေခပ်​အမျိုးသား​တို့​ရှေ့​၌​ချပေး​၍ “​စပျစ်ဝိုင်​သောက်​ကြ​ပါ​”​ဟု ငါ​ဆို​၏​။


ဗေသလ​မြို့​တွင် ပရောဖက်​မ​ပြု​တော့​နှင့်​။ အကြောင်းမူကား ဤ​မြို့​သည် ရှင်ဘုရင်​၏​သန့်ရှင်း​ရာ​မြို့​၊ မင်းနေပြည်တော်​မြို့​ဖြစ်​၏​”​ဟု ဆို​၏​။


ထို့ကြောင့် ယခု ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ သင်​က ‘အစ္စရေး​လူမျိုး​ကို ဆန့်ကျင်​၍ ပရောဖက်​မ​ပြု​နှင့်​၊ ဣဇက်​အမျိုးအနွယ်​ကို ဆန့်ကျင်​၍ မ​ဟောပြော​နှင့်​’​ဟု ဆို​၏​။


သူ​တို့​က “သင်​တို့ မ​ဟောပြော​ကြ​နှင့်”​ဟု ဟောပြော​ကြ​၏​။ ဤ​အကြောင်း​နှင့်​ပတ်သက်၍ မည်သူ​မျှ မ​ဟောပြော​ကြ​နှင့်​။ ငါ​တို့ အသရေပျက်​ရ​လိမ့်မည်​မ​ဟုတ်​။


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ နာဇရိ​လူ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ကတိသစ္စာ​ပြု​လို​လျှင်


စပျစ်ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို ရှောင်​ရ​မည်​။ အချဉ်ဖောက်​ထား​သော​စပျစ်ဝိုင်​ဖြစ်စေ​၊ အချဉ်ဖောက်​ထား​သော​သေရည်သေရက်​ဖြစ်စေ မ​သောက်​ရ​။ စပျစ်သီး​ဖျော်ရည်​မှန်သမျှ​ကို​လည်း မ​သောက်​ရ​။ စပျစ်သီး အစို​ဖြစ်စေ​၊ အခြောက်​ဖြစ်စေ မ​စား​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ