Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 7:26 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 နောက်တစ်နေ့​တွင် မောရှေ​သည် အစ္စရေး​လူမျိုး​အချင်းချင်း​ခိုက်ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်ဆွေ​တို့၊ သင်​တို့​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​ပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်း​မတရား​သဖြင့်​ပြု​ကြ​သနည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်မြတ်​ငြိမ်းချမ်း​ကြ​ရန် ဖျန်ဖြေ​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

26 နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 7:26
12 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အာဗြံ​က လောတ​အား “​ငါ​တို့​သည် ဆွေမျိုးသားချင်း​ဖြစ်​ကြ​သောကြောင့် ငါ​နှင့်​သင့်​ကြား​၌​လည်းကောင်း​၊ ငါ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် သင်​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌​လည်းကောင်း ခိုက်ရန်​ဖြစ်ပွား​ခြင်း​မ​ရှိ​ပါစေ​နှင့်​။


ထို့နောက် ယောသပ်​သည် သူ​၏​ညီအစ်ကို​တို့​ကို​လွှတ်လိုက်​၍ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​အား “​လမ်းခရီး​၌ ခိုက်ရန်​မ​ဖြစ်​ကြ​နှင့်​”​ဟု မှာလိုက်​၏​။


ကြည့်ရှု​လော့​။ ညီအစ်ကို​တို့​သည် ညီညွတ်​စွာ​အတူတကွ နေထိုင်​ကြ​သည်​မှာ အလွန်​ကောင်းမြတ်​၍ အလွန်​နှစ်သက်​ကြည်နူး​ဖွယ်​ဖြစ်​၏​။


စော်ကားပြစ်မှား​ခြင်း​ခံရ​သော​ညီအစ်ကို​သည် ခိုင်ခံ့​သော​မြို့​ထက် ပို၍​မာကျော​၏​။ ငြင်းခုံ​ရန်တွေ့​ခြင်း​သည်​လည်း ခံတပ်​၏​ကန့်လန့်ကျင်​ကဲ့သို့​ဖြစ်​၏​။


ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။


မောရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီအစ်ကို​တို့​အား လွတ်မြောက်​ခြင်း​ကို ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နားလည်​ကြ​လိမ့်မည်​ဟု ထင်​ခဲ့​သော်လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။


ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်


မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ