Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 7:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ထို့နောက် လူ​တစ်​ဦး​သည် မတရား​သဖြင့်​ပြုမူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာကွယ်​လျက် အီဂျစ်​အမျိုးသား​ကို​ရိုက်​သတ်​ကာ ဖိနှိပ်​ခံရ​သူ​အတွက် လက်တုံ့ပြန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ယင်း​သို့​လည်​ပတ်​နေ​ချိန်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ဦး​အား အီ​ဂျစ်​အ​မျိုး​သား တစ်​ယောက်​က​ရိုက်​နှက်​လျက်​နေ​သည်​ကို​မြင် လျှင် မိ​မိ​အ​မျိုး​သား​၏​ဘက်​မှ​ဝင်​ရောက် ကူ​ညီ​ကာ အီ​ဂျစ်​အ​မျိုး​သား​ကို​သတ်​၍ လက်​စား​ချေ​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 7:24
7 ပူးပေါင်းရင်းမြစ်များ  

မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိအမျိုးသားချင်း​များ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင်


သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။


သူ​သည် အသက်​လေးဆယ်​ပြည့်​သောအခါ မိမိ​ညီအစ်ကို​များ​ဖြစ်​ကြ​သော အစ္စရေး​အမျိုးသား​တို့​ကို အကြည့်အရှု​သွား​လို​သော​စိတ်​ဆန္ဒ​ဖြစ်ပေါ်​လာ​လေ​၏။


မောရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီအစ်ကို​တို့​အား လွတ်မြောက်​ခြင်း​ကို ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နားလည်​ကြ​လိမ့်မည်​ဟု ထင်​ခဲ့​သော်လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။


သင်​သည် မနေ့​က အီဂျစ်​လူမျိုး​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​လို​သလော’​ဟု ဆို​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ